ခန့်ဦးသန့်ကုမ္ပဏီလီမိတက်မှတင်ပြလာသည့်ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE) အစီရင်ခံစာကိုအများပြည်သူသိရှိပြီးသဘောထားမှတ်ချက်ပေးနိုင်ရေးကိစ္စ
၁။ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းအပိုဒ်၃၉(က)တွင်ဦးစီးဌာနသည် “ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီရင်ခံစာကိုဝန်ကြီးဌာနသို့မဟုတ်ဦးစီးဌာန၏ဝက်ဆိုဒ်မှဖြစ်စေ၊ အခြားသင့်လျော်သောမီဒီယာများမှတစ်ဆင့်ဖြစ်စေအများပြည်သူသိအောင်ထုတ်ဖော်ရမည်” ဟုလည်းကောင်း၊ လုပ်ထုံးလုပ်နည်းအပိုဒ်(၃၈)တွင် “စီမံကိန်းအဆိုပြုသူသည်ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီရင်ခံစာကိုဦးစီးဌာနသို့တင်သွင်းပြီးနောက် ၁၅ရက် ထက်နောက်မကျစေဘဲ၊ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီရင်ခံစာကိုလူမှုအဖွဲ့အစည်း၊ စီမံကိန်းကြောင့်ထိခိုက်ခံစားရသူများ၊ ဒေသဆိုင်ရာလူ့အဖွဲ့အစည်းနှင့်အခြားအကျိုးသက်ဆိုင်သူများသိရှိနိုင်စေရန်စီမံကိန်းသို့မဟုတ်စီမံကိန်းအဆို
ပြုသူ၏ဝက်ဆိုဒ်များနှင့်သတင်းစာစသည့်ပြည်တွင်းမီဒီများမှလည်းကောင်း၊ စာကြည့်တိုက်၊ လူထုစုဝေးခန်းမစသည့် – အများပြည်သူစုဝေးရာနေရာများတွင်လည်းကောင်း၊ စီမံကိန်းအဆိုပြုသူ၏ရုံးများတွင်လည်းကောင်းထုတ်ပြန်ကြေညာရမည်” ဟုလည်းကောင်းပြဌာန်းထားပါသည်။
၂။ ပြဌာန်းချက်များအရပူးတွဲပါလုပ်ငန်းနှင့်စပ်လျဉ်း၍ သဘောထားမှတ်ချက်ပြုရန်ရှိပါက eia.ecd@gmail.com သို့ Website လွှင့်တင်သည့်နေ့မှစ၍ (၁)လ အတွင်းပေးပို့နိုင်ပါကြောင်း၊ အစီရင်ခံစာကိုသက်ဆိုင်ရာကုမ္ပဏီများမှရယူနိုင်ပါကြောင်း ထုတ်ပြန်အပ်ပါသည်။
