နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုများ

ပတ်ဝန်းကျင်ကာကွယ်ရေး ကဏ္ဍခွဲဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ (EPSCG)၏တတိယအကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးကျင်းပခြင်း

   သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က ဥက္ကဋ္ဌအဖြစ်ပါဝင်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ ဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အောက် တွင် ဖွဲ့စည်း ထားရှိသည့် ပတ်ဝန်းကျင် ကာကွယ်ရေး ကဏ္ဍခွဲဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ (Environment Protection Sub-sector Coordination Group) ၏ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို ၁၈-၁၂-၂၀၁၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီမှ ၁၂:၃၀ နာရီထိ ရုံးအမှတ် (၅၃) ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန တွင် ကျင်းပ ပြုလုပ်ခဲ့ ပါသည်။ ။အစည်းအဝေးသို့ သက်ဆိုင် ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ စုစုပေါင်း(၄၅)ဦးတက်ရောက်ခဲ့ ပါသည်။

အစည်းအဝေးတွင် EPSCG ၌ပါဝင်သည့် ဌာနများမှ စီမံကိန်းအဆိုပြုလွှာများ ကို Costed Sector plan အနေဖြင့် တင်ပြရာတွင် (Development Assistance Coordination Unit-DACU) မှသတ်မှတ်ထားသည့် ( Development Assistance Policy-DAP) Guideline နှင့် အညီတင်ပြနိုင်ရေးအတွက် ဖြည့်စွက်ရမည့်ပုံစံ အချက်အလက်များကို ရှင်းလင်း တင်ပြခြင်း၊ တက်ရောက် လာသည့်ဌာနအဖွဲ့အစည်းများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်းနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့ အစည်းများ မှ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးခြင်း တို့ကိုဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

စနစ်တကျ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းစနစ် ဖွံ့ဖြိုးစေရေးဆောင်ရွက်ခြင်းဖြင့် Recycle လုပ်ငန်းများအား အထောက်အပံ့ဖြစ်စေရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည့် သတင်းအချက်အလက်များ

စနစ်တကျ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းစနစ် ဖွံ့ဖြိုးစေရေးဆောင်ရွက်ခြင်းဖြင့် Recycle လုပ်ငန်းများအား အထောက်အပံ့ဖြစ်စေရေး တွေ့ဆုံဆွေးနွေးပွဲကို ၂၇-၈-၂၀၂၄ (အင်္ဂါနေ့) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၈) အစည်း အဝေးခန်းမ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးမှ Recycle လုပ်ငန်းများအား အထောက်အပံ့ဖြစ်စေရေး စနစ်တကျ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းစနစ် ဖွံ့ဖြိုးစေရေးဆိုင်ရာကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ အစည်းအဝေးတက်ရောက်လာသူများက စွန့်ပစ်ပစ္စည်း စတင်ထွက်ရှိသည့်နေရာမှစ၍ ဦးစားပေးခွဲခြားစေလိုသည့် စွန့်ပစ်ပစ္စည်းအမျိုးအစားများနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ Recycle လုပ်ငန်းများအား အထောက်အပံ့ဖြစ်စေရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သည့်လုပ်ငန်းများအား ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များနှင့် နေပြည်တော်ရှိ ပလတ်စတစ်လုပ်ငန်းရှင်များ In […]

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၏ မိုးရာသီစိုက်ပျိုးပွဲအခမ်းအနားကျင်းပခြင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး ဝန်ထမ်းမိသားစုများ၏ ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားအား (၁-၇-၂၀၂၀)ရက်နေ့၊ နံနက် (၀၈:၄၅)နာရီ အချိန်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ သုံးထပ်ရုံးအဆောက်အဦသစ် ၌ ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ အပါအဝင် စုစုပေါင်း အရာထမ်း(၆၀)ဦးမှ ရေတမာ (၂၄)ပင်၊ ခရေ (၁၂)ပင်၊ ဆီသပြေ (၈)ပင်၊ စိန်ပန်းနီ (၇)ပင်၊ စိန်ပန်းပြာ (၅)ပင်၊ တရုတ်စကား (၄)ပင်၊ ပိတောက် (၃)ပင်နှင့် ငုပန်းပင် (၃)ပင်၊ စုစုပေါင်း အရိပ်ရပင်နှင့် အလှပန်းပင်(၆၆)ပင်အား စိုက်ပျိုးခဲ့ကြပြီး နံနက်(၀၉:၃၀)နာရီအချိန်တွင် အခမ်းအနားပြီးစီးခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ (World Refrigeration Day) အထိမ်းအမှတ်လှုပ်ရှားမှုများ

ယနေ့ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အအေးပေး ပစ္စည်းများနေ့ (World Refrigeration Day- WRD) ဆောင်ပုဒ်မှာ “နေ့စဉ်ဘဝမြင့်မားဖို့ အအေးပေးပစ္စည်းများ ကို အကျိုးရှိစွာသုံးကြစို့” (“Cold Chain 4 Life”) ဖြစ်ပါသည်။ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်အနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနမှ အသိပညာပေးအစီအစဉ်များကို ဆောင်ရွက်ရာတွင် အိုဇုန်းလွှာထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အအေးပေးဒြပ်ပစ္စည်းများနှင့် ပတ်သက်သည့်အသိပညာပေး လက်ကမ်းစာစောင်များ၊ ပိုစတာနှင့် masks များကို ရေခဲသေတ္တာ၊ လေအေး ပေးစက်ဆိုင်များနှင့် ပြည်သူလူထု ထံဖြန့်ဝေခြင်း၊ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်း အမှတ်ဆိုင်ရာ Video Clip အားထုတ်လွှင့်ပြသခြင်း၊ ရေခဲသေတ္တာနှင့် လေအေးပေးစက်ဆိုင်ရာ စက်မှုနည်းပညာရှင်များ အသင်းများ၏ အကူအညီဖြင့် ရန်ကုန်၊ မန္တလေး၊ […]