၁၉-၅-၂၀၂၆ ရက်နေ့အထိပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း၊ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် ပြုလုပ်သည့် တတိယပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများ လုပ်ငန်းလိုင်စင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ငန်းဆောင်ရွက်ခွင့်ရှိသော တတိယပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများစာရင်းအား ထုတ်ပြန်ခြင်း
ပတ်ဝန်းကျင်ဆိုင်ရာအစီရင်ခံစာများ လေ့လာဆန်းစစ်ရေးဆွဲမှုများ ဆောင်ရွက်ရန်အတွက် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း ပြုလုပ်သည့် တတိယပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများ လုပ်ငန်းလိုင်စင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဦးစီးဌာနက လုပ်ငန်း လိုင်စင်များ ထုတ်ပေးဆောင်ရွက်လျက်ရှိရာ ၁၉-၅-၂၀၂၆ ရက်နေ့အထိ ဝန်ကြီးရုံးခွင့်ပြုပြီး အကြံပေး ပုဂ္ဂိုလ် (၉၇) ဦး တွဲဖက်အကြံပေးပုဂ္ဂိုလ် (၁၅၂) ဦး စုစုပေါင်း (၂၄၉) ဦးအနက် တွဲဖက်မှအကြံပေး ပြောင်း (၁၈) ဦးရှိပြီး လက်ရှိတွင် အကြံပေးပုဂ္ဂိုလ် (၉၇) ဦးနှင့် တွဲဖက်အကြံပေးပုဂ္ဂိုလ် (၁၃၄)ဦး၊ စုစုပေါင်း (၂၃၁) ဦးတို့အား လုပ်ငန်းလိုင်စင်ထုတ်ပေးပြီးဖြစ်ပါကြောင်း၊ အကြံပေးအဖွဲ့ အမျိုးအစား(က) (၁၃) ဖွဲ့၊ အကြံပေးအဖွဲ့အမျိုးအစား(ခ) (၆) ဖွဲ့၊ စုစုပေါင်း (၁၉) ဖွဲ့နှင့် အထူးလုပ်ငန်းလိုင်စင် (၃) ဖွဲ့တို့ စာရင်းအား အများပြည်သူနှင့် စီမံကိန်းအဆိုပြုသူများ သိရှိနိုင်စေရန် အသိပေးအကြောင်းကြားအပ်ပါသည်။