ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ရန်ပုံငွေအဖွဲ့၏ အရှေ့အာရှဒေသကိုယ်စားပြု အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေး

ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ရန်ပုံငွေအဖွဲ့ (Global Environment Facility – GEF) ၏ အရှေ့အာရှဒေသကိုယ်စားပြု အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေး (GEF East Asia Constituency Meeting) ကို နေပြည်တော်ရှိ Hilton ဟိုတယ်၌ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ပါသည်။

အဆိုပါအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး GEF အတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များ၊ GEF Operational Focal ဖြစ်သော ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦးနှင့် အရာရှိများ၊ ဖိတ်ကြားထားသော သက်ဆိုင်ရာ အစိုးရဌာနများမှ ကိုယ်စားလှယ်များ၊ Constituency တွင် ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံများမှ GEF ကိုယ်စားလှယ်များ စုစုပေါင်း (၄၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။