ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနား (World Environment Day) ကျင်းပခြင်း

     ၂၀၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်း အနားကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် နေပြည်တော်ဟိုတယ်ဇုန် ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဌ၊ မန္တလေးမြို့တော်ဝန်၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်တို့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဌများ၊ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီဝင်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်မှ ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ၂၀၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပိုစတာပြိုင်ပွဲနှင့် ကာတွန်းပြိုင်ပွဲတွင် ဆုရရှိကြသူများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း (၄၀၀) ဦးခန့် တက်ရောက်ကြပါသည်။

     အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Antonio Guterres ၏ သဝဏ်လွှာကို ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ခေတ္တ ညှိနှိုင်းရေးမှူး Ms. Janet Jackson မှ ဖတ်ကြားခဲ့ပါသည်။ ထို့နောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (UN- Environment) အမှုဆောင် ညွှန်ကြားရေးမှူး Mr. Erik Solheim တို့က ၂၀၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်း အနားသို့ပေးပို့သည့် သဝဏ်လွှာ ဗီဒီယိုဖိုင်တို့ကို ပြသခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်သမ္မတက ၂၀၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် ပိုစတာပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိ ကြသူများကို ဂုဏ်ပြုဆု များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ၂၀၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ကာတွန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေး အပ်ခဲ့ပါသည်။ ယင်းနောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဗီဒီယိုမှတ်တမ်းကို ပြသခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဌနှင့် တာဝန်ရှိသူများသည် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပိုစတာပြိုင်ပွဲနှင့် ကာတွန်းပြိုင်ပွဲတွင် ဆုရရှိသူ များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီးနောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့ အထိမ်းအမှတ် ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ဒုတိယပိုင်း အစီအစဉ်အနေဖြင့် “Beat Plastic Pollution” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ပြီးနောက် နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူ (၄၀၀) ဦးခန့်နှင့် ဆရာ/ဆရာမ (၃၀) ဦးခန့် တက်ရောက်ပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဗီဒီယိုအားကြည့်ရှုပြီး ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြပါ သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန