စုပေါင်းအမှိုက်ကောက်ပွဲကျင်းပခြင်း

      နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် အများပြည်သူပူးပေါင်း၍ စုပေါင်း အမှိုက်ကောက်ပွဲများကို လစဉ်ဆောင်ရွက်နိုင်ရန် ကြိုးပမ်း လျက်ရှိရာ ၂၀၁၉ခုနှစ်၊ မတ်လ လှုပ်ရှားမှုအနေဖြင့် ၂၂.၃.၂၀၁၉ရက်နေ့တွင် World Water day အတွက် အထိမ်းအမှတ် ဆောင်ရွက်ချက်တစ်ခု ဖြစ်စေရန် နေပြည်တော်ကောင်စီလမ်း၊ ပြန်ကပြေးအနီး၊ ငလိုက်ချောင်း တံတားဝန်းကျင်တွင် စုပေါင်းအမှိုက်ကောက်ခြင်းကို ဌာနဆိုင်ရာများ၊ ပြည်သူများနှင့် ပူပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန (ရုံးချုပ်)၊ ပြည်ထောင်စု နယ်မြေ  နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်းလေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၂)(ပျဉ်းမနား)၊ နေပြည်တော် သစ်ထုတ်ရေး (တောင်)၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင်နှင့်သန့်ရှင်းရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၊  Trash Hero Nay Pyi Taw အဖွဲ့သားများ စုစုပေါင်း လူဦးရေ ၂၁၂ ဦး ဖြင့် စုပေါင်းအမှိုက်ကောက်ခဲ့ကြပြီး နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းမှ  လာရောက်အားပေးစကားပြောကြားပြီး စုပေါင်းအမှိုက်ကောက်ခြင်းကို ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။