"တတိယအကြိမ် မြန်မာ-ဂျပန် ပတ်ဝန်းကျင်ရေးရာ ပူးပေါင်းဆောင်ရွက်ရေးမူဝါဒဆိုင်ရာ ဆွေးနွေးပွဲများ (3th Myanmar-Japan Policy Dialogue on Environmental Issues) " ကျင်းပခြင်း သတင်းထုတ်ပြန်ချက်

   သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံပတ်ဝန်းကျင် ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ၂၀၂၀ ပြည်နှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ မြန်မာ-ဂျပန် နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးပွဲ (Bilateral Meeting)ကို ယနေ့နံနက် :၀၀ နာရီ တွင်လည်းကောင်း၊ တတိယအကြိမ် မြန်မာ−ဂျပန်ပတ်ဝန်းကျင်ရေးရာ ပူးပေါင်း ဆောင်ရွက်ရေး မူဝါဒဆိုင်ရာဆွေးနွေးပွဲ (3rd Myanmar-Japan Policy Dialogue on Environmental Issues) ကို ယနေ့နံနက် :၃ နာရီ တွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ Park Royal ဟိုတယ်၌ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ ဦးဆောင်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဌာနအကြီးအကဲများပါဝင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး Ms. Ayuko KATO ဦးဆောင်၍ မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံ သံအမတ်ကြီးနှင့် ဂျပန်ကိုယ်စားလှယ်အဖွဲ့တို့ ပါဝင် တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

          ဆွေးနွေးပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ နှင့် ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး Ms. Ayuko KATO တို့က အဖွင့်အမှာစကားအသီးသီးပြောကြားကြပါသည်။

          ယ​နေ့​ဆွေး​နွေးပွဲကို နှစ်နိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းလုပ်ငန်းများ ဆောင်ရွက်တိုးတက်မှု အခြေအနေနှင့်် ဦးစားပေးဆောင်ရွက်နေမှုများ မျှဝေနိုင်ရေး၊ မြန်မာနိုင်ငံအတွင်း ကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဆွေးနွေးအဖြေရှာနိုင်ရေး၊ ၂၀၂၀-၂၀၂၁ ခုနှစ် ဆက်လက်ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်များကို ဆွေးနွေးနိုင်ရေးစသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြားပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ" (Memorandum of Cooperation-MoC) ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် လက်မှတ်ရေးထိုးခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ အကောင်အထည် ဖော်​ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ယနေ့တတိယအကြိမ်ဆွေး​နွေးပွဲတွင် မြန်မာ−ဂျပန် ပတ်ဝန်းကျင် ရေးရာပူးပေါင်း​ဆောင်ရွက်မှုများနှင့် သုံးသပ်ချက်များနှင့်စပ်လျဉ်း၍လည်း​ကောင်း၊ ရေထု ညစ်ညမ်းမှုနှင့် Johkasou ဆိုင်ရာကိစ္စရပ်များကိုလည်း​ကောင်း၊ အဏ္ဏဝါ ပလတ်စတစ်ညစ်ညမ်းမှု နှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုတို့ကိုလည်းကောင်း၊ လေထုညစ်ညမ်းမှုထိန်းချုပ်​ရေးဆိုင်ရာ တို့ကိုလည်းကောင်း၊ ကာဗွန်ထုတ်လွှတ်မှု​လျှော့ချရေးနှင့် ရောင်းဝယ်ရေးဆိုင်ရာ ဖက်စပ်လုပ်ငန်းစဉ် တို့အားလည်းကောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာကိစ္စရပ်များ နှင့် ရှေ့ဆက်ပူး​ပေါင်း​ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်း​ကောင်း နှစ်နိုင်ငံ ကိုယ်စားလှယ်များက အသီးသီး ဆွေးနွေး တင်ပြခဲ့ကြပြီး ဆွေးနွေးပွဲကို ညနေ ၅:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။