ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာများကို အများပြည်သူသိရှိပြီး သဘောထား မှတ်ချက်ပေးနိုင်ပါရန်

   ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ ပေးပို့လာသော ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာများကို ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ်(၃၉၊ ၆၆၊ ၈၀) အရ အများပြည်သူသိရှိပြီး သဘောထားမှတ်ချက်ပေးနိုင်ရေးအတွက် “ အောက်ဖော်ပြပါ သတ္တုကဏ္ဍဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်များအပေါ် သဘောထားမှတ်ချက်ပေးရန်ရှိပါက ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ နောက်ဆုံးထား၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ရေးဌာနခွဲ eiaminning2group@gmail.com သို့ အကြံပြုပေးပို့ နိုင်ပါသည်-

(၁)   ဖွံ့ဖြိုးတိုးတက်ထုတ်လုပ်မှုဖော်ဆောင်ရေး ကုမ္ပဏီလီမိတက်၏ ခဲမဖြူ၊ အဖြိုက်နက် သတ္တုတူးဖော် ထုတ်လုပ်ခြင်းအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် (Environmental Management Plan - EMP) (တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကံပေါက်မြို့နယ်၊ ကံပေါက်သတ္တုတွင်း)

(၂)   အေဝမ်း သတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်၏ ခဲမဖြူ၊ အဖြိုက်နက် သတ္တုတူးဖော် ထုတ်လုပ်ခြင်းအတွက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီရင်ခံစာ (Environmental Impact Assessment - EIA) (တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ကြိမ်ချောင်းကျေးရွာ)

www.ecd.gov.mm  website ၏ မူဝါဒနှင့်ဥပ​​​​ဒေများ Link အောက်တွင် zip pdf ဖိုင်များကို Download လုပ်ယူ၍ ကြည့်ရူနိုင်ပါသည်။