ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ ဥပဒေအရ ထုတ်ပြန်ထားသောနည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းပါ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး (၇-၈-၂၀၁၉)

     သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း ဦးဆောင်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ ဥပဒေအရ ထုတ်ပြန်ထားသောနည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းပါ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ရုံးအမှတ် ၅၃၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် မွန်းလွဲ(၁း၃၀)နာရီတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

     ညှိနှိုင်းအစည်းအဝေးသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ ဆက်စပ်ဝန်ကြီးဌာနများ၏ဦးစီးဌာနများမှ အဆင့်မြင့်အရာထမ်း ကိုယ်စားလှယ်များ စုစုပေါင်း (၃၁) ဦး ခန့် တက်ရောက်ဆွေးနွေးခဲ့ပြီး ညှိနှိုင်းအစည်းအဝေးကို ညနေ ၅း၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။