ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ (Covid-19) ရောဂါကာကွယ်ရေးဆိုင်ရာ ဆောင်ရွက် ချက်များ

   လက်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ (Covid-19) ​ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ အစည်းအဝေးတစ်ရပ်အား ယနေ့နံနက် ၁၀:၀၀နာရီအချိန်တွင် ရုံးအမှတ်(၅၃)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းမှ (Covid-19) အဆုတ်ရောင်ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ဝန်ထမ်းများအနေဖြင့် ရောဂါကူးစက် ပြန့်ပွားမှုကို ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား ချက်များကို ဝန်ထမ်းများသိရှိလိုက်နာနိုင်ရန် (Covid-19) ဆိုင်ရာ အသိပေးနှိုးဆော်ချက်များ အား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ Website (www.ecd.gov.mm) နှင့် Facebook Page(Environmental Conservation Department-ECD) များတွင် အချိန်နှင့်တပြေးညီထည့်သွင်း ဖော်ပြရန်၊ (Covid-19) နှင့် ပတ်သက်သည့် အသိ​​ပေးနှိုးဆော်ချက်စာအုပ်များ ဖြန့်ဝေရန် ညွှန်ကြားခဲ့ပါသည်။

ဝန်ထမ်းများအား လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ ဆပ်ပြာနှင့်ရေအသုံးပြု၍ လက်ကိုမကြာခဏဆေးပေးခြင်း၊ နှာချေချောင်းဆိုးတိုင်း နှာခေါင်းနှင့်ပါးစပ်အား လုံအောင် ဖုံးအုပ်ခြင်း၊ ဌာနတွင်းလူစုလူဝေးနှင့်မနေစေဘဲ ခွဲ၍နေထိုင်စေခြင်း၊ Hand-gel အသုံးပြုခြင်း များအား ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ၂၃.၃.၂၀၂၀ ရက်နေ့မှစ၍ ဝန်ထမ်းများ အား ရုံးအဝင်တွင် လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ Hand-gel အသုံးပြုခြင်း စသည့် (Covid-19) ကြိုတင် ကာကွယ် ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါသည်။