ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးသစ်ဖွင့်ပွဲ

   ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ညွှန်ကြားရေးမှူး ရုံးသစ်အဆောက်အဦဖွင့်ပွဲအခမ်းအနား”အား ၂၅.၇.၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းတို့မှ ညွှန်ကြားရေးမှူးရုံး အဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။

    အဆိုပါရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားသို့ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်းများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအစီအစဉ်အရ ညွှန်ကြားရေးမှူးရုံးသစ်၏ကမ္ဗည်းမော်ကွန်းအား နေပြည်တော်ကောင်စီဝင်နှင့် အမြဲတမ်းအတွင်းဝန်မှ အမွှေးနံ့သာဖြင့် ပက်ဖျန်းကာ အခမ်းအနားကို နံနက်(၁၀:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။