ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်၏ လုပ်ငန်းဆောင်ရွက်မှု

    ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်မှ အရာထမ်း/အမှုထမ်းများ၏ ပြည်ပနိုင်ငံများသို့ သွားရောက်၍ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ၊ အစည်းအဝေးများသို့ တက်ရောက်ခဲ့သော အတွေ့အကြုံဗဟုသုတများအား မျှဝေနိုင်ရေးအတွက် ကျင်းပပြုလုပ်သော ပြည်ပအတွေ့အကြုံရှင်းလင်းဆွေးနွေးပွဲကို  ရုံးချုပ်  အစည်းအဝေးခန်းမ၌  ၆-၂-၂၀၁၇ ရက်နေ့ (၀၉:၃၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝမ်းမောင်မှ Fiji နိုင်ငံ၊ Suka မြို့၌  ၁၄-၆-၂၀၁၆ ရက်နေ့မှ ၂၀-၆-၂၀၁၆ ရက်နေ့အထိ ကျင်းပခဲ့သည့် အာရှပစိဖိတ်ဒေသ နိုင်ငံတကာအိုဇုန်းအရာရှိများ၏ ဒေသအဆင့်ကွန်ရက်အစည်းအဝေးမှ ရရှိခဲ့သည့် အတွေ့အကြုံများကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်မှ ဂျပန်နိုင်ငံ၊ ကျိုတိုမြို့တွင် HORIBA Co.,Ltd မှ ဖွင့်လှစ်ခဲ့သည့် ၂၃-၇-၂၀၁၆ ရက်နေ့မှ ၁၄-၈-၂၀၁၆ ရက်နေ့အထိ တက်ရောက်ခဲ့သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တိုင်းတာရေးပစ္စည်းကိရိယာများအား လက်တွေ့တိုင်းတာမှုသင်တန်းမှရရှိခဲ့သည့် အတွေ့အကြုံများကိုလည်ကောင်း  ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ရာ ဌာနအားလုံးရှိ အရာထမ်း/အမှုထမ်းများမှ သိရှိလိုသည်များကို  မေးမြန်းဆွေးနွေး ခဲ့ကြပါသည်။

    ရှင်းလင်းဆွေးနွေးပွဲသို့ အရာထမ်း/အမှုထမ်း (၇၂) ဦး တက်ရောက်ခဲ့ကြပြီး (၁၁:၃၀) နာရီ အချိန်တွင် ဆွေးနွေးပွဲအား ရုပ်သိမ်းခဲ့ကြောင်း  သတင်းရရှိပါသည်။