ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု

     “ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ၊ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၁၂-၃-၂၀၁၉ ရက်နေ့တွင် ဦးစီးအရာရှိ ဒေါ်သဲချိုအေးသည် ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း( ၁/၂၀၁၉) တွင် ‘ရာသီဥတု ပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ဘာသာရပ်’ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြပြီး စုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။”