မြန်မာနိုင်ငံအစိမ်းရောင်ရာသီဉတုရန်ပုံငွေအဖွဲ့ (GCF) ဆိုင်ရာ National Designated Authority-NDA စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် မဟာဗျူဟာမြောက်မူဘောင်ဖွံ့ဖြိုးလာစေရေး အကောင်အထည်ဖော်မည့် စီမံကိန်းဆိုင်ရာကနဦးအလုပ်ရုံဆွေးနွေးပွဲ

   ၂၀၂၀ပြည့်နှစ်ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် (၀၉:၀၀)နာရီတွင် နေပြည်တော်ရှိ Thingaha Hotel ၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံအစိမ်းရောင်ရာသီဉတုရန်ပုံငွေအဖွဲ့ (GCF) ဆိုင်ရာ  National Designated Authority-NDA စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် မဟာဗျူဟာမြောက် မူဘောင်ဖွံ့ဖြိုးလာစေရေးအကောင်အထည်ဖော်မည့် စီမံကိန်းဆိုင်ရာကနဦး အလုပ်ရုံဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး၊ ဝန်ကြီးဌာနအသီးသီးမှ အဆင့်မြင့်အရာရှိကြီးများ၊ ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ် (UNEP) မှ Mrs. Jisun Hwang ဦးဆောင်သော ကိုယ်စားလှယ်များ၊ GCF အသိအမှတ်ပြု နိုင်ငံတကာမှ မိတ်ဖက်အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာမိတ်ဖက် အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများနဲ့ အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း (၁၁၅) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ လက်ရှိ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များအဖြစ် အပူချိန်မြင့်တက်လာခြင်း၊ မိုးရွာသွန်းမှု ပုံစံနှင့် မိုးရေချိန် များ ပြောင်းလဲလာခြင်း၊ ပိုမိုပြင်းထန်လာပြီး ဖြစ်ပွားတဲ့အကြိမ်ရေတိုးလာသည့့် အစွန်းရောက် ရာသီဥတုဖြစ်စဉ်များကို ကြုံတွေ့နေရပြီး လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် နှောင့်နှေးမှု များ၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတွင် ဟန့်တားနှောက်ယှက်မှုတွေကို ကြုံ‌တွေ့နေကြရပါ ကြောင်း၊ ဖြစ်ပေါ်နေတဲ့ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုရဲ့ စိန်ခေါ်မှုများကိုတုန့်ပြန်ဖြေရှင်း ရန်အတွက် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများက ကမ္ဘာ့အပူချိန်မြင့်တက်လာမှုကို  ၂ ဒီဂရီစင်တီဂရိတ် အောက် ၁.၅ ဒီဂရီ စင်တီဂရိတ်ထိ ရှိနေ အောင် ရည်မှန်းချက်ထား၍ ထိန်းသိမ်းသွားရန် ၂၀၁၅ခုနှစ် ဒီဇင်ဘာလအတွင်း ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပခဲ့တဲ့ ၂၁ ကြိမ်မြောက် ညီလာခံကြီးမှာ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု သဘောတူညီချက်တစ်ရပ်ချမှတ်နိုင်ခဲ့ပါကြောင်း။

ပါရီသဘောတူညီချက်အရ ရာသီဉတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းများ အောင်မြင် ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေအရင်းအမြစ်နဲ့ စီးဆင်းမှုသည် အဓိကကျကြောင်း၊ လိုအပ်သည့် ရန်ပုံ‌ငွေနဲ့ နည်းပညာများကို အစိမ်းရောင်ရာသီဉတုရန်ပုံငွေ (GCF) ထံ တင်ပြ လျှောက်ထားနိုင်ပြီး နိုင်ငံအလိုက် ချမှတ်ထားတဲ့ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များကိုလည်း ရရှိအောင် အထောက်အကူပြုသွားနိုင်မည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan- MSDP) ကိုထုတ်ပြန်ပြီး ပတ်ဝန်းကျင် ရေးရာကိစ္စရပ်များကို ဆိုင်ရာ ကဏ္ဍတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများနှင့် လုပ်ငန်းစဉ်များတွင် ပေါင်းစပ်ထည့်သွင်း ဆောင်ရွက်နေပါကြောင်း၊  မြန်မာနိုင်ငံ၏ အခြေအနေနဲ့ သင့်လျော်တဲ့ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနဲ့ လိုက်လျောညီထွေဖြစ်စေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် (Intended Nationally Determined Contributions- INDCs) ကို ၂၀၁၅ ခုနှစ်မှာ ကွန်ဗင်းရှင်း အတွင်းရေးမှူးရုံးကို တင်သွင်းနိုင်ခဲ့ပြီး ရေရှည်အကောင်အထည်ဖော်နိုင် ရေးအတွက်  ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာ နှင့် ပင်မလုပ်ငန်းအစီအစဉ်များကို ရေးဆွဲ ပြုစုခဲ့ရာ ၂၀၁၉ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာ နိုင်ငံတော်အကြီးအကဲမှ မိတ်ဆက် ထုတ်ပြန် ခဲ့ပြီး ဖြစ်ကြောင်း၊ မဟာဗျူဟာနဲ့ ပင်မလုပ်ငန်းအစီအစဉ်တွေကို အကောင်အထည်ဖော်ရာတွင် အမျိုးသားအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဒေသအဆင့်ရှိ ကဏ္ဍအလိုက် ဆက်စပ် ပတ်သက် သူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ NDA ၏ အခန်းကဏ္ဍများနှင့် အဓိက တာဝန်ဖြစ်သော ရာသီဉတုပြောင်းလဲမှုကို ဦးတည်နိုင်မည့် ဦးစားပေးကဏ္ဍအလိုက် အစိုးရ ၊ ပုဂ္ဂလိက/ လူမှုအဖွဲ့အစည်းစသည့် ဆက်စပ်ပတ်သက်သူများနှင့် ညှိနှိုင်းဆွေးနွေးခြင်း၊ ရာသီဉတု ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ/ ပင်မလုပ်ငန်းအစီအစဉ်များနှင့် ကိုက်ညီသည့် ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များကို ဖော်ထုတ်သတ်မှတ်ခြင်း၊ ရန်ပုံငွေ အဆိုပြုလွှာများ အပေါ် စိစစ်သုံးသပ်၍ ထောက်ခံချက်ပေးခြင်း၊ ရန်ပုံငွေတိုက်ရိုက် ရယူနိုင်တဲ့ အဖွဲ့အစည်း တစ်ခုကိုသတ်မှတ်၍ GCF ထံအမည်တင်သွင်းပေးခြင်း ၊ GCF ရဲ့ လုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ် တွေကို မျှဝေပေးခြင်းများကို တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ယခုစီမံကိန်းကို GCF ၏ ရန်ပုံငွေအထောက်အပံ့၊ UNEP ၏ နည်းပညာအကူအညီဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း။

အလုပ်ရုံဆွေးနွေးပွဲတွင် GCF ရန်ပုံငွေအရင်းအမြစ်များကို လျှောက်ထားရာ၌ NDA ၏ အခန်းကဏ္ဍကို ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်လာမည်ဖြစ်ပြီး ရှေ့ဆက်ဆောင်ရွက် မည့် GCFနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် နိုင်ငံအဆင့်အစီအစဉ်(Country Programme) တစ်ခု ရေးဆွဲထုတ်ဖော်နိုင်မည်ဖြစ်ပါကြောင်း၊ NDA ဖြစ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန နှင့်လည်း လိုအပ်သည့် ဆက်သွယ်ဆောင်ရွက်မှုများကို ပိုမိုအားဖြည့်ဆောင်ရွက်ပေးသွားရန် တိုက်တွန်းပါကြောင်း၊ တက်ရောက်လာသူများမှ သိရှိလိုသည့် အချက်များကိုလည်း ပွင့်လင်းစွာ မေးမြန်းဆွေးနွေးကြပြီး စီမံကိန်းအောင်မြင်ရေးအတွက် အကြံဉာဏ်များပေးကြပါရန် တိုက်တွန်း ကြောင်း ပြောကြားခဲ့ပါသည်။  

ထို့နောက် United Nations Environment Programme(UNEP) မှProgram Officer ဖြစ်သူ Ms. Jisun Hwang မှ ကြိုဆို နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဆန်းဦးမှ မြန်မာ နိုင်ငံ အစိမ်းရောင်ရာသီဥတုရန်ပုံငွေအဖွဲ့(Green Climate Fund-GCF) ဆိုင်ရာ အမျိုးသား အဆင့်သတ်မှတ်အာဏာပိုင်အဖွဲ့အစည်း၏ အခန်းကဏ္ဍများနှင့် (National Designated Authority-NDA) ၏ တာဝန်ယူ ဆောင်ရွက်မှု ဆိုင်ရာ များကို လည်းကောင်း၊ “Myanmar Classic Readiness Project” နှင့်ပတ်သက်၍ လည်းကောင်း ၊ Oxford Policy Management Unit မှ Senior Consultant ဖြစ်သူ Mr. Soumik Biswas မှ ရာသီဥတုဆိုင်ရာ ရန်ပုံငွေ လျှောက်ထားခြင်းကို အထောက်အကူပြုနိုင်ရန် လျှောက် ထားရမည့် နည်းလမ်းများကို ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော် များမှ မေးမြန်းချက်များကို တာဝန်ရှိသူ အသီးသီးမှ ပြန်လည်ဖြေကြားခဲ့ပြီးနောက် ညွှန်ကြားရေးမှူးချုပ်၊ ဦးလှမောင်သိန်း မှ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လက်တွေ့ကျသည့် နည်းလမ်းများကို အဓိကထားဆွေးနွေးပေးကြပါရန် တိုက်တွန်းပြောကြား ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲ၏ နေ့လယ်ပိုင်းအစီအစဉ်အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော National Adaptation Plan-NAP Project နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ (Development Partners) ဖြစ်သည့် The Nature Conservancy (TNC), Climate Technology Centre And Network (CTCN)၊ Food and Agriculture Organization (FAO) ၊ Global Green Growth Institute (GGGI)မှ ကိုယ်စားလှယ်အသီးသီးမှ ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် အုပ်စု(၃)စုဖွဲ့၍ ဆွေးနွေးခြင်း၊ ပြန်လည်တင်ပြခြင်းနှင့် တက်ရောက်လာသူများမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲအား ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဆန်းဦးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးအား ညနေ ၀၅:၀၀ နာရီအချိန်တွင် ပိတ်သိမ်း ခဲ့ကြောင်း သိရှိရပါသည်။