ရာသီဥတုပြောင်းလဲမှုဆိုင်ရာဒုတိယအကြိမ် မြန်မာနိုင်ငံအမျိုးသားအဆင့် အစီရင်ခံစာ (Second National Communication-SNC) ရေးဆွဲပြုစုရေးစီမံကိန်း၏ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်လွယ်မှုဆန်းစစ်ခြင်းနှင့် လိုက်လျောညီထွေဖြစ်စေရေး (Vulnerability and Adaptation Options) နည်းပညာလုပ်ငန်းအဖွဲ့၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

   ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်လွယ်မှုဆန်းစစ်ခြင်းနှင့် လိုက်လျောညီထွေဖြစ်စေရေး (Vulnerability and Adaptation Options) နည်းပညာလုပ်ငန်းအဖွဲ့၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၉ ရက် (ကြာသပတေးနေ့) နံနက် ၉:၀၀ နာရီအချိန်တွင် ရုံးအမှတ် (၅၃)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြား​ရေးမှူးချုပ်က တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး နည်းပညာလုပ်ငန်းအဖွဲ့ဝင် များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများစုစုပေါင်းကိုယ်စားလှယ် (၂၅) ဦးခန့်တက်​ရောက်ကြပါသည်။

   ညှိနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ အနာဂတ်ကာလ ရှေ့ပြေးခန့်မှန်းချက်များနှင့် ပတ်သက်၍ အထူးသဖြင့် အပူချိန်၊ မိုးရေချိန် စသည့် မိုးလေဝသအချက်အလက်များအပေါ် ၂၀၂၀၊ ၂၀၄၀၊ ၂၀၆၀၊ ၂၀၈၀ နှင့် ၂၁၀၀ ခုနှစ်များအတွက် ကမ္ဘာ့ရာသီဥတု အခြေအနေတွက်ချက်မှု မော်ဒယ် (53) ခုမှ ပျမ်းမျှအခြေအနေများ၊ ထူးကဲအပူချိန်၊ မိုးရွာသွန်းမှုများကို ပြည်နယ်/တိုင်းဒေသကြီးများ အလိုက် လည်းကောင်း၊ ယင်းအပေါ်မှ သက်ဆိုင်ရာ နည်းပညာအဖွဲ့များက မိမိတို့ အဖွဲ့မှ လိုအပ်မည့် အချက်အလက်များအားလည်းကောင်း၊ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာမှုနှင့် ပတ်သက်သည့် ခန့်မှန်းချက်များ၊ ပင်လယ်ရေလှိုင်းကြီးမြင့်မှု ခန့်မှန်းချက်များ၊ နိုင်ငံအတွင်း ရေကြီးမှုအခြေအနေများအားလည်းကောင်း၊ ရာသီဥတု ပြောင်းလဲမှုကြောင့် စိုက်ပျိုးရေးကဏ္ဍအပေါ် ထိခိုက်လွယ်မှုများနှင့်ပတ်သက်၍လည်းကောင်း၊ ရေသယံဇာတနှင့်ပတ်သက်၍လည်းကောင်း၊ ကမ်းရိုးတန်းဒေသများနှင့်ပတ်သက်၍ လည်းကောင်း၊ ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ လည်းကောင်း၊ အပူပိုင်းဇုန်များနှင့်ပတ်သက်၍လည်းကောင်း မိုးလေဝသအချက်အလက် လိုအပ်ချက်များနှင့် ဆောင်ရွက်မည့် နည်းလမ်းများနှင့်ပတ်သက်၍လည်းကောင်း၊ အဖွဲ့အလိုက် ဆောင်ရွက်မည့် အခြေအနေများ၊ အချိန်ကာလ သတ်မှတ်ချက် များ၊ အခက်အခဲများနှင့် ပတ်သက်၍ ညှိနှိုင်းကာ လုပ်ငန်း ဆောင်ရွက်မှုအစီအစဉ်ကို အချောသတ် ရေးဆွဲကြရေး ဆွေးနွေးခဲ့ကြပါသည်။