ရေနံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအစီအစဉ်အရ ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုလွယ်ကူသည့်နေရာဒေသများတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဇီဝမျိုးစုံမျိုးကွဲများကို ထည့်သွင်းစဉ်းစားခြင်းဆိုင်ရာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း(နေပြည်တော်၊ Grand Amara Hotel၊ ၂၉-၁၀-၂၀၁၉)

          ရေနံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအစီအစဉ်အရ ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုလွယ်ကူသည့် နေရာ ဒေသများတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဇီဝမျိုးစုံမျိုးကွဲများကို ထည့်သွင်းစဉ်းစားခြင်းဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ Grand Amara Hotel၌ ယနေ့ နံနက်(၀၉း၀၀)နာရီ အချိန်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးလှမောင်သိန်း မှ သင်တန်းအဖွင့် အမှာစကားပြောကြားသည်။ ဆက်လက်၍ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်မှ Programme Coordinator Ms. Marislol Estrella မှ အဖွင့်အမှာစကားပြောကြားသည်။ အဆိုပါ အခမ်းအနားသို့ ဆက်စပ်ဌာနများ၊ တက္ကသိုလ်များမှ ကိုယ်စားလှယ်များ၊  ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းဆိုင်ရာ EIA အတိုင်ပင်ခံကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကိုယ်စားလှယ်များ နှင့် သင်တန်းသား သင်တန်းသူ စုစုပေါင်း (၄၁)ဦး တို့ တက်ရောက်ခဲ့ကြောင်း၊  သင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူများအနေဖြင့် ကာကွယ်ထိန်းသိမ်းထားသည့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုလွယ်ကူသည့် နေရာဒေသများအပါအဝင် ဇီဝမျိုးစုံမျိုးကွဲ တန်းဖိုးမြင့်မားသည့် နေရာများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ ဆောင်ရွက်ခြင်းကြောင့် ထိခိုက်မှုများကို စီမံခန့်ခွဲနိုင်ရန်၊ အဆိုပါ ထိခိုက်မှုများကို ရှောင်ရှားနိုင်ရန်နှင့် လျော့ပါးစေနိုင်ရန်အတွက် စီမံချက်ရေး ဆွဲဆောင်ရွက်နိုင်ရန် စီမံကိန်းအဆင့် ထိခိုက်မှု လျော့ပါးစေရေးဆိုင်ရာ နည်းလမ်းနှင့် အလေ့အကျင့်ကောင်းများ၊  ပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ ထိခိုက်မှုများဆန်းစစ်ရာတွင် ဇီဝမျိုးစုံမျိုးကွဲများအား ကောင်းမွန်စွာ စီမံခန့်ခွဲမှု အလေ့အကျင့် ကောင်းများကိုထည့်သွင်းပေါင်းစပ် စိစစ်သုံးသပ်နိုင်ရန်အတွက်  အသိပညာနှင့် နည်းပညာများကို လေ့လာနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပါသည်။ အဆိုပါ သင်တန်းကို (၂၉-၁၀-၂၀၁၉)ရက်နေ့မှ (၃၁-၁၀-၂၀၁၉)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။