ရှမ်းပြည်နယ်၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အသိပညာပေးလှုပ်ရှားမှု

     ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ရှမ်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးအောင်ဇော်လေး ဦးဆောင်သောအဖွဲ့သည် ၁၈-၇-၂၀၁၈ ရက်နေ့တွင်  တောင်ကြီးမြို့နယ်၊ ထီသိမ်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဦးစီးအရာရှိ  ဦးအောင်ဇော်လေးမှ အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်ယုယုမွန်မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာများခေါင်းစဉ်ကို ဟောပြောခဲ့ပါသည်။

           အဆိုပါ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ တောင်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများအပါအဝင် စုစုပေါင်း (၃၁၀) ဦး တက်ရောက်ခဲ့ပြီး  အသိပညာပေး လက်ကမ်းစာစောင်များနှင့်   ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ    သိမှတ်ဖွယ် ကာတွန်းရုပ်ပြစာအုပ်များအား ကျောင်းအုပ်ဆရာကြီး ဦးသောင်းထိုက်ထံပေးအပ်ခဲ့ကြောင်း  သတင်းရရှိပါသည်။