အရာထမ်းများ ဌာနတွင်းလုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ်(၁၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြီးစီးခြင်း၊ (နေပြည်တော်၊(၂၅-၁၀-၂၀၁၉))

          သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနမှ (၂၃-၉-၂၀၁၉)ရက်နေ့မှ (၂၅-၁၀-၂၀၁၉)ရက်နေ့အထိ ဖွင့်လှစ်ခဲ့သော အရာထမ်းများ ဌာနတွင်းလုပ်ငန်းခွင်မွမ်းမံသင်တန်း၊ အမှတ်စဉ်(၁၃)သင်တန်းဆင်းပွဲ အခမ်းအနားကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးချုပ်၊ ရုံးအမှတ် (၅၃)၌ ယနေ့ ညနေ(၁၅း၀၀)နာရီ အချိန်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဆန်းဦး မှ သင်တန်းဆင်း အမှာစကားပြောကြားသည်။ အခမ်းအနားသို့ ဌာနရှိ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ နှင့် သင်တန်းသား သင်တန်းသူ (၄၆)ဦး တို့ တက်ရောက်ခဲ့ကြောင်း၊ သင်တန်းတွင် စာပေထူးချွန်ဆုများနှင့်  အဖွဲ့လိုက်စာတမ်းဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊  သင်တန်းသားများကိုယ်စား ဦးစီးအရာရှိ ဒေါ်သဉ္ဇာဦး မှ မွမ်းမံသင်တန်းကျင်းပေးသည့်အတွက် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း၊ ထို့နောက် တက်ရောက်လာကြသူများနှင့် သင်တန်းသားများအား  အစားအသောက်ဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။