၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အလွတ်တန်းဆောင်းပါး၊ စာစီစာကုံးနှင့် video clip ပြိုင်ပွဲအတွက် ဖိတ်ခေါ်ခြင်း

   သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ် တန်းဆောင်းပါး၊ စာစီစာကုံးနှင့် video clip ပြိုင်ပွဲအား ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

   ပြိုင်ပွဲအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အတွေ့အကြုံရှိ ပညာရှင်များက အကဲဖြတ်ဒိုင်လူကြီးများအဖြစ် ပါဝင်ဆောင်ရွက်မည်ဖြစ်ပြီး ဆုများရွေးချယ်၍ ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့တွင် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပါသည်။

   ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ် (Themes) ထွက်ရှိလာပါက ထပ်မံအ​​ကြောင်းကြားပေးမည် ဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။