၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့မှ (၁၀) ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိမြို့ (Siem Reap) တွင် ကျင်းပပြုလုပ်မည့် (၁၅) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (15th ASEAN Ministerial Meeting on the Environment – 15th AMME and Related Meetings) နှင့်စပ်လျဉ်း၍ ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန်နှင့် မြန်မာနိုင်ငံဆိုင်ရာ ပတ်ဝန်းကျင်နှင့်စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက် နေမှု အချက်အလက်များကို စုစည်းရယူသွားနိုင်ရန် ရည်ရွယ်သည့် ညှိနှိုင်းအစည်းအဝေး

   ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့မှ (၁၀) ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိမြို့ (Siem Reap) တွင် ကျင်းပပြုလုပ်မည့် (၁၅) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (15th ASEAN Ministerial Meeting on the Environment – 15th AMME and Related Meetings) နှင့်စပ်လျဉ်း၍  ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန်နှင့် မြန်မာနိုင်ငံဆိုင်ရာ ပတ်ဝန်းကျင်နှင့်စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက် နေမှု အချက်အလက်များကို စုစည်းရယူသွားနိုင်ရန် ရည်ရွယ်သည့် ညှိနှိုင်းအစည်းအဝေးတစ်ရပ်အား ၁.၁၀.၂၀၁၉ ရက်နေ့တွင် ရုံးအမှတ် (၅၃) ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အာဆီယံရေးရာဦးစီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်-မန္တလေး၊ ASCC ရုံးအဖွဲ့၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်‌ရေးဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန၊  မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပညာရေးသုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာနတို့မှ ဖိတ်ကြားထားသည့် ကိုယ်စားလှယ်များ အပါအဝင် Green Economy Green Growth – GEGG အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ Global Green Growth Institute – GGGI အဖွဲ့အစည်းမှ ကိုယ်စားလှယ်များဖြင့် စုစုပေါင်း ကိုယ်စားလှယ် (၅၀) ဦး တက်ရောက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

   15th AMME အစည်းအဝေးတွင် အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ဆိုင်ရာကိစ္စရပ်များ၊ အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမှ ထွက်ရှိလာသည့် ဆွေးနွေးချက်များအပါအဝင် အာဆီယံ − ဂျပန် ဝန်ကြီးအဆင့်ဆွေးနွေးပွဲ၊ (၁၆) ကြိမ်မြောက်အာဆီယံ အပေါင်းသုံး ဝန်ကြီးအဆင့်ဆွေးနွေးပွဲနှင့် (၄) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးအဆင့် ဆွေးနွေးပွဲများအား ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

          အထက်ဖော်ပြပါ အစည်းအဝေးများနှင့် ယှဉ်တွဲ၍ အောက်ဖော်ပြပါ Events များကိုလည်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်-

(က)    ၂၀၁၉ ခုနှစ် အာဆီယံပတ်ဝန်းကျင်နေ့ (ASEAN Environment Day 2019) အထိမ်းအမှတ် ပြပွဲများ၊ Eco-schools / Eco-Youth Champion Awards ဆုများ ချီးမြှင့်ခြင်း၊

(ခ)     AWGEE National Focal Point များနှင့် လူငယ်ကိုယ်စားလှယ်များမှ Eco-School များ သို့ သွားရောက်လေ့လာခြင်း၊

(ဂ)     အရှေ့တောင်အာရှဒေသတွင် မီးခိုးမြူငွေ့ကင်းစင်ရေးအတွက် မြေယာစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခြင်း