၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် Grand Amara Hotel ၊ နေပြည်တော်၌ ကျင်းပ ပြုလုပ်သည့် အစားအစာနှင့်အဖျော်ယမကာဆိုင်ရာစက်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုရေး လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ်မြောက် အစည်းအဝေး

   သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် EU ၊ WWF နှင့် Tha Bar Wa အဖွဲ့အစည်း တို့ပူးပေါင်း၍ အစားအစာနှင့်အဖျော် ယမကာထုတ်လုပ်ခြင်းဆိုင်ရာစက်မှုလုပ်ငန်းကဏ္ဍများတွင် ပတ်၀န်းကျင်ဆိုင်ရာကိစ္စရပ်များ ပေါင်းစပ် အကောင်အထည်ဖော်ရာတွင်  ပတ်၀န်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP)  ရေးဆွဲ အကောင်အထည်ဖော်ရေး လမ်းညွှန်ချက်တစ်ရပ် ဖြစ်ပေါ်လာစေရေးနှင့် ဦးစားပေးစက်မှုလက်မှု ကဏ္ဍ (၉)ခုလက်အောက်ရှိ လည်ပတ် ဆောင်ရွက်လျက်ရှိသော စက်ရုံ/ အလုပ်ရုံများတွင် ပါဝင်သော အစားအစာ နှင့် အဖျော်ယမကာထုတ်လုပ်ခြင်း(Food and Beverage Processing Facilities) စက်မှုလုပ်ငန်းများ၏ ပတ်၀န်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) ရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် Grand Amara Hotel ၊ နေပြည်တော်၌ ၃-၁-၂၀၂၀ ရက်နေ့ နံနက် ၉:၃၀ နာရီအချိန်တွင် ကျင်းပခဲ့သည့် လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးတွင် ပထမအကြိမ် အစည်း အဝေးမှ ဆွေးနွေးချက်များနှင့် နောက်ဆက်တွဲ ရလဒ်များကို ဆွေးနွေးခြင်း၊ ဥရောပသမဂ္ဂ၏ SWITCH ASIA အစီအစဉ်၊ သဘာ၀စီမံကိန်း၊ SMART Myanmar နှင့် UNEP တို့ ပူးပေါင်း၍ နည်းပညာ ပံ့ပိုးပေးမည့်အစီအစဉ်တို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

အစားအစာနှင့် အဖျော်ယမကာဆိုင်ရာစက်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုရေး လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးအခမ်းအနားတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ထွန်းလင်းမှ အဖွင့်အမှာ စကား ပြောကြားခဲ့ ပါသည်။ အဆိုပါ လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ထွန်းလင်းနှင့် တာဝန်ရှိသူများ၊ စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ALARM ၊ မြန်မာနိုင်ငံကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာ့ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း၊ WWF-Myanmar(The Bar Wa Project)နှင့် နည်းပညာဆိုင်ရာ ပညာရှင်များ စုစုပေါင်း (၃၁) ဦး တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နေ့လည် ၁၃:၀၀ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။