“Sustainable Use of Peatland and Haze Mitigation in ASEAN (SUPA) စီမံကိန်း ၏ SUPA project Concept Note Development in Myanmar အလုပ်ရုံဆွေးနွေးပွဲ

   ၂၀၂၀ပြည့်နှစ် မတ်လ ၁၃ ရက်နေ့ နံနက် (၀၉း၀၀) နာရီတွင် နေပြည်တော်ရှိ မြတ်တော်ဝင် ဟိုတယ်၌ ကျင်းပပြုလုပ်သော “Sustainable Use of Peatland and Haze Mitigation in ASEAN (SUPA) စီမံကိန်း ၏ SUPA project Concept Note Development in Myanmar အလုပ်ရုံဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်မှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ညွှန်ကြားရေးမှူးမှ အဖွင့်အမှာစကားပြောကြားရာတွင် စီမံကိန်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ အနှံ့အပြားတွင်   သစ်ဆွေးမြေများကို ရှာဖွေဖော်ထုတ်ရန်၊ လေ့လာဆန်းစစ်ရန်၊ သစ်ဆွေးမြေ ဂေဟစနစ်များ စီမံအုပ်ချုပ်ရာတွင် လိုအပ်ချက်များအား ပိုမိုနားလည်ရန် ၊  နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် မီးကာကွယ်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှု လုပ်ငန်းများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ထိုကြောင့် မိမိတို့ ဝန်ကြီးဌာနမှ ရေးဆွဲနေတဲ့ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းစီမံချက် အကောင် အထည်ဖော်ဆောင် ရွက်ရာမှာ အထောက်အကူပြုမှာ ဖြစ်ကြောင်း ပြောကြားသွားပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် SUPA စီမံကိန်းနှင့် ပတ်သက်သည့် အကြောင်း အရာများ ဘဏ္ဍာရေး ဆိုင်ရာ ယန္တရားနှင့် မြန်မာနိုင်ငံမှ တင်ပြမည့် အဆိုပြုစီမံကိန်းအတွက် Eligibility Criteria များ နှင့် မဲခေါင်သစ်ဆွေးမြေစီမံကိန်းဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် အကြောင်းအရာ များကို ဆွေးနွေးကြပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာအစိုးရဌာနများမှ ကိုယ်စားလှယ်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန မှ ဝန်ထမ်းများ၊ IUCN နှင့် SUPA Project မှ တာဝန်ရှိသူများ စုစုပေါင်း (၁၈) ဦးခန့်တက်ရောက်ခဲ့ပါသည်။