ASEAN Plus Three Youth Environment Forum (AYEF) 2019 တက်ရောက်ရန်ရွေးချယ်ခဲ့သည့် လူငယ်ကိုယ်စားလှယ်(၅)ဦး၏ အမည်စာရင်းအား ထုတ်ပြန်ကြေညာခြင်း

အာဆီယံအနေဖြင့် အဏ္ဏဝါစွန့်ပစ်အမှိုက်ပြဿနာကို အလေးထားဖြေရှင်း ဆောင်ရွက်ရန် အတွက် လှုပ်ရှားမှုတစ်ရပ်အနေဖြင့် ASEAN Plus Three Youth Environment Forum(AYEF) 2019 ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ၊ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဖူးခက်မြို့၌         “Clean up Our Sea, Change Our Future” ဆောင်ပုဒ်ဖြင့် ထိုင်းနိုင်ငံ၊ ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးဌာနမှ ဦးစီးကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါ  Forum တက်ရောက်ရန် ယှဉ်ပြိုင်လျှောက်ထားလာသည့် မြန်မာနိုင်ငံရှိ တက္ကသိုလ်/အဆင့်မြင့်ပညာ ကျောင်းများတွင် တက်ရောက်နေသည့် အသက် ၁၉ နှစ်မှ ၂၅ နှစ်အတွင်းရှိ လူငယ်များအနက်မှ

  • သက်တမ်းရှိနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ

  • ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ဆက်စပ်သည့် လှုပ်ရှားဆောင်ရွက်မှုများ (သို့) စီမံကိန်း များတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နေသူ၊
  • အင်္ဂလိပ်ဘာသာကျွမ်းကျင်ပိုင်နိုင်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲ များ၊ တင်ပြမှုများအား အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုနိုင်သူ၊

အစရှိသည့် စံသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် အောက်ပါ လူငယ်ကိုယ်စားလှယ် (၅) ဦး အား ရွေးချယ်ကြောင်း ကြေညာအပ်ပါသည်-

                    (က)    မရွှန်းလဲ့သီတာ

                             အင်္ဂလိပ်စာအထူးပြု၊ ရန်ကုန်တက္ကသိုလ်

                             shunelaithida1998@gmail.com

                    (ခ)     မမြင့်မြတ်သံသာ

                             ရူပဗေဒအထူးပြု၊ ရန်ကုန်တက္ကသိုလ်

                             myintmyatthandar32@gmail.com

                    (ဂ)     မသော်တာဝန်း

                             ဘူမိဗေဒအထူးပြု၊ မန္တလေးတက္ကသိုလ်

                             thawdargeol77@gmail.com

                    (ဃ)    မောင်ရဝေထွန်း

                             မြို့ပြအင်ဂျင်နီယာအထူးပြု၊ နည်းပညာတက္ကသိုလ်(မော်လမြိုင်)

                             yawai1999civil@gmail.com

                    (င)     မောင်ကျော်ရဲအောင်

                             ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်စီမံခန့်ခွဲမှု ၊

                             အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (ရန်ကုန်)

                             kyawyeaung328300@gmail.com

လူငယ်ကိုယ်စားလှယ် (၅)ဦးအတွက် အသွားအပြန်လေယာဉ်လက်မှတ်နှင့် တည်းခိုစားသောက်

စရိတ်တို့အား ထိုင်းနိုင်ငံ၊ပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေးမြှင့်တင်ရေးဌာနမှ ကျခံပေးသွားမည် ဖြစ် ပြီး Forum တက်ရောက်ရန်အတွက်လိုအပ်သည့် စာရွက်စာတမ်းများအား ၎င်းဌာနသို့ သတ်မှတ်ရက် အတွင်း ပြန်လည်ပေးပို့ရန်နှင့် Forum တက်ရောက်ရန်အတွက် မိမိတို့၏သက်ဆိုင်ရာကျောင်းမှ တရားဝင်ခွင့်ပြုကြောင်း (Permission Letter) အား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ Email (hr.env.ecd@gmail.com) သို့ ၅-၉-၂၀၁၉ ရက်နေ့ နောက်ဆုံးထားပေးပို့ပေးရန် အကြောင်းကြား အပ်ပါသည်။

 

(မှတ်ချက်။     ။ Forum တက်ရောက်ရန်အတွက် ကြိုတင်ပြင်ဆင်ရန်လိုအပ်သည့်ကိစ္စရပ် များ( Trip Arrangement, Country Presentation,etc.) အတွက် လူငယ်ကိုယ်စားလှယ်များ အချင်းချင်း ကြိုတင်ချိတ်ဆက်ဆောင်ရွက်သွားရန်)

 

  • အသေးစိတ်သိရှိလိုသည်များအတွက် ဆက်သွယ်ရန်-

          ဒေါ်ဝတ်ရည်မွန်

          ဦးစီးအရာရှိ

          ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ နေပြည်တော်

          ဖုန်း- ၀၆၇ ၄၃၁၃၂၈

 

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦