EIA အစီရင်ခံစာများမြန်ဆန်ချောမွေ့စွာ စိစစ်သုံးသပ်နိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာစိစစ် သုံးသပ်ရေးအဖွဲ့ ငှားရမ်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ ရွှေတောင်ဘိလပ်မြေကုမ္ပဏီလီမိတက်မှအကောင်အထည်ဖော် ဆောင်ရွက်မည့် ထုံးကျောက် တူးဖော်ထုတ်လုပ်ခြင်း၊ ရွှံ့စေမြေထုတ်လုပ်ခြင်း၊ ကျောက်မီးသွေးတူးဖော်ထုတ်လုပ်ခြင်းနှင့် ဘိလပ်မြေ စက်ရုံတို့အတွက် တင်ပြလာသည့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာ Environmental Impact Assessment - EIA) အစီရင်ခံစာများမြန်ဆန်ချောမွေ့စွာ စိစစ်သုံးသပ်နိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာစိစစ် သုံးသပ်ရေးအဖွဲ့ ငှားရမ်းဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထုံးကျောက်တူးဖော်ထုတ်လုပ်ခြင်း၊ ရွှံ့စေမြေထုတ်လုပ်ခြင်း၊ ကျောက်မီးသွေးတူးဖော် ထုတ်လုပ် ခြင်းနှင့် ဘိလပ်မြေစက်ရုံတို့အတွက် တင်ပြလာသည့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာ Environmental Impact Assessment - EIA) အစီရင်ခံစာများ စိစစ်သုံးသပ်ရမည့် ကာလမှာ လုပ်ငန်းစာချုပ်ချုပ်ဆိုပြီးသည့် အချိန်မှသုံးလအတွင်း နိုင်ငံတကာနှင့် ပြည်တွင်းမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီစိစစ်သုံးသပ်ရန်အတွက် အောက်ဖော်ပြပါ သတ်မှတ်အရည်အချင်းနှင့် ပြည့်မီ သည့် စိတ်ပါဝင်စားသည့်အဖွဲ့အစည်း၊ ကုမ္ပဏီများသည်အဖွဲ့ဝင်များ၏ကိုယ်ရေးရာဇဝင်၊ ကျွမ်းကျင်မှုနယ်ပယ်၊ လုပ်ငန်းအတွေ့အကြုံ၊ စိစစ်ရာတွင်အသုံးပြုမည့် နည်းပညာဆိုင်ရာအသေးစိတ် အချက် အလက်များနှင့်အတူ ၂၀၁၈ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ရုံးအမှတ် (၅၃)၊ နေပြည်တော်သို့ပေးပို့လျှောက်ထားနိုင်ပါသည်-

(က)    သတ်မှတ်အရည်အချင်း

                     (၁)     နိုင်ငံတကာနှင့် ပြည်တွင်းမှ သတ်မှတ်ထားသည့်လုပ်ထုံးလုပ်နည်း၊ စံချိန်စံညွှန်းများအား ကိုးကား၍ စိစစ်သုံးသပ်နိုင်ရမည်။

                     (၂)     သက်ဆိုင်ရာကဏ္ဍအလိုက် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များပါဝင်ရမည်။

                     (၃)     သက်ဆိုင်ရာပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆောင်ရွက်ခြင်းနှင့် စိစစ် သုံးသပ်ခြင်း လုပ်ငန်းအတွေ့အကြုံရှိရမည်။        

                     (၄)     ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ထုတ်ပေးထားသည့် ကြားကာလပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ အကြံပေးလုပ်ကိုင်သူများ သက်သေခံလက်မှတ်ရရှိထား သည့် အဖွဲ့ဖြစ်ရမည်။

                     (၅)     ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခေါ်ယူပါကနေပြည်တော်သို့ လာရောက်နိုင်သည့် အဖွဲ့ဖြစ်ရမည်။

( ခ )   တာဝန်ထမ်းဆောင်ရမည့်နေရာ‑မိမိတို့ရုံးစိုက်ရာတွင် စိစစ်နိုင်သော်လည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှလိုအပ်ပါကနေပြည်တော်၊ရုံးအမှတ်(၅၃)သို့ လာရောက်တာဝန်ထမ်းဆောင်နိုင် ရမည်။

(ဂ) တာဝန်ထမ်းဆောင်ရမည့်ကာလ-လုပ်ငန်းစာချုပ် ချုပ်ဆိုပြီးသည့်အချိန်မှ သုံးလအတွင်း

(ဃ)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(င) အစိုးရဝန်ထမ်းမဟုတ်သူဖြစ်ရမည်။

(စ) နည်းပညာပိုင်းဆိုင်ရာ စိစစ်သုံးသပ်ရေးအဖွဲ့၏ တာဝန်ဝတ္တရားများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ရေးဌာန (ဖုန်း-၀၆၇၄၃၁၃၄၆) တွင် ဆက်သွယ်ရယူနိုင်ပါသည်။

ဆက်သွယ်ရန်လိပ်စာ         ‑       

ညွှန်ကြားရေးမှူး

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ရေးဌာန

                                                ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

ရုံးအမှတ် (၅၃) ၊နေပြည်တော်

ဖုန်း‑ ၀၆၇‑ ၄၃၁၃၄၆ ၊ ၀၆၇-၄၃၁၃၄၇

ဖက်စ်‑၀၆၇‑၄၃၁၃၄၈

E‑mail‑ usoenaingmoecaf@gmail.com

nreia.env@gmail.com