Nanova Co., Ltd မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန (ရုံးချုပ်) ၊ နေပြည်တော် ၌ Mercury Analyzer နှင့်ပတ်သက်၍ Product Presentation and Workshop

   ၁။      Nanova Co., Ltd မှ ဓါတ်ခွဲခန်းသုံး Mercury Analyzer နှင့်ပတ်သက်၍ Product Presentation and Workshop ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ၂၅ ရက်နေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးရုံးချုပ် (နေပြည်တော်) အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀:၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပတ်ဝန်းကျင်အရည်အသွေးနှင့်စံချိန် စံညွှန်းဌာန မှ  ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး နှင့် သက်ဆိုင်ရာကိုယ်စားလှယ်များ၊ Nanova Co., Ltd မှ Technical Director ဒေါ်ဖြူဖြူမြင့် နှင့်ဝန်ထမ်းများ စုစုပေါင်း (၃၅) ဦးခန့် တက်ရောက်ခဲ့ပါ သည်။

   ၂။       Nanova Co., Ltd မှ Technical Director ဒေါ်ဖြူဖြူမြင့်မှ Solid ,Liquid Sample များတွင် ပါဝင်သောMercury ကို Sample Perparation ပြုလုပ်စရာမလိုဘဲ တိုင်းတာနိုင်သော Mercury Analyzer (NIC-Japan)Brand နှင့် Direct Mercury Combustion Analyzer (MA-Solo) တို့မှ တိုင်းတာ စစ်ဆေးနိုင်သော Parameter များ နှင့် စက်ရုံ၊ အလုပ်ရုံများ၊ သတ္ထုလုပ်ငန်းများမှ ထွက်ရှိသော Mercury ကို အဓိကတိုင်းတာနိုင်ကြောင်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှုကို လျော့ချစေနိုင်ကြောင်းကို တင်ပြခဲ့ပါ သည်။

   ၄။      ဆက်လက်၍ ပတ်ဝန်းကျင် အရည်အသွေးနှင့်စံချိန်စံညွှန်းဌာန ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတင်တင်သော်မှ တိုင်းတာစစ်ဆေးမှုပြုလုပ်ပုံအဆင့်ဆင့်ကို မေးမြန်းဆွေးနွေးခဲ့ပြီး Nanova Co., Ltd မှ Mercury Analyzer အသုံးပြုပုံကို လက်တွေ့သရုပ်ပြ တိုင်းတာစစ်ဆေးမှုများကို  ဆောင်ရွက် ခဲ့ပြီး အခမ်းအနားအား ၁၂:၀၀ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။