အဆင့်မြင့်သိပ္ပံနည်းကျသတင်းအချက်အလက်များနှင့် စီမံခန့်ခွဲမှုမှတစ်ဆင့် မြန်မာနိုင်ငံတွင် မိုးခေါင်ရေရှားခြင်းနှင့် ရေကြီးရေလျှံမှုများကို စီမံခန့်ခွဲမှုအားကောင်းလာစေရေးစီမံကိန်း

အဆင့်မြင့်သိပ္ပံနည်းကျသတင်းအချက်အလက်များနှင့် စီမံခန့်ခွဲမှုမှတစ်ဆင့် မြန်မာနိုင်ငံတွင် မိုးခေါင်ရေရှားခြင်းနှင့် ရေကြီးရေလျှံမှုများကို စီမံခန့်ခွဲမှုအားကောင်းလာစေရေးစီမံကိန်း (strengthened drought and flood management through improved science-based information availability and management in Myanmar) ၏ Second Technical Training for Myanmar Flood and Drought Portal နှင့်စပ်လျဉ်း၍သတင်းထုတ်ပြန်

ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲခြင်းဆိုင်ရာ နည်းဥပဒေများ (ဒုတိယမူကြမ်း) အပေါ် ရှင်းလင်းဆွေးနွေးပွဲ

၂၀၁၉ ခုနှစ် မတ်လ ၂၆ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပပြုလုပ်သော “ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲခြင်းဆိုင်ရာ နည်းဥပဒေများ (ဒုတိယမူကြမ်း) အပေါ် ရှင်းလင်းဆွေးနွေးပွဲ” သို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ထွန်းလင်း တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ နေပြည်တော်တွင် ပြင်ပဝင်ပေါက်မှခေါ်ယူသည့် အမှုထမ်းရာထူးနေရာများအတွက် လူတွေ့ဖြေဆိုခွင့်ရရှိသူစာရင်း

      သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ နေပြည်တော်တွင် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ  ၁၆ ရက် (စနေနေ့) ၌ ကျင်းပပြုလုပ်ခဲ့သည့်  ဒုတိယလက်ထောက်ဦးစီးမှူး၊   အငယ်တန်းစာရေးနှင့်  စာရင်းကိုင်(၄) (လစာနှုန်း ကျပ်  ၁၈၀၀၀၀-၂၀၀၀- ၁၉၀၀၀၀ ) ရာထူးနေရာများအတွက် လူတွေ့ဖြေဆိုခွင့်ရရှိသူစာရင်းကို

စုပေါင်းအမှိုက်ကောက်ပွဲကျင်းပခြင်း

      နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် အများပြည်သူပူးပေါင်း၍ စုပေါင်း အမှိုက်ကောက်ပွဲများကို လစဉ်ဆောင်ရွက်နိုင်ရန် ကြိုးပမ်း လျက်ရှိရာ ၂၀၁၉ခုနှစ်၊ မတ်လ လှုပ်ရှားမှုအနေဖြင့် ၂၂.၃.၂၀၁၉ရက်နေ့တွင် World Water day အတွက် အထိမ်းအမှတ် ဆောင်ရွက်ချက်တစ်ခု ဖြစ်စေရန် နေပြည်တော်ကောင်စီလမ်း၊ ပြန်ကပြေးအနီး၊ ငလိုက်ချောင်း တံတားဝန်းကျင်တွင် စုပေါင်းအမှိုက

ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု

     “ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ၊ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၁၂-၃-၂၀၁၉ ရက်နေ့တွင် ဦးစီးအရာရှိ ဒေါ်သဲချိုအေးသည် ဇမ္ဗူသီရိမြို့

“နော်ဝေ-မြန်မာ ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိ လုပ်ငန်းစီမံကိန်းများ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုအပေါ် ခြုံငုံသုံးသပ်သည့် ရှင်းလင်းဆွေးနွေ:ပွဲ” နှင့်ပတ်သက်သည့် ရှင်းလင်းဆွေးနွေးပွဲ

     ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့ နံနက် (၀၈:၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပပြုလုပ်သော “နော်ဝေ-မြန်မာ ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်အောက်ရှိ လုပ်ငန်းစီမံကိန်းများ၏ အကောင်အထည်ဖော်ဆောင်ရွက်မှု အပေါ် ခြုံငုံသုံးသပ်သည့် ရှင်းလင်းဆွေးနွေ:ပွဲ” သို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမ

အမျိုးသားအဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေး(နေပြည်တော်၊ မတ် ၈)

အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အင်ကြင်း ခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ သယံဇာတနှင့် သ

စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအပေါ် စောင့်ကြပ်ကြည့်ရှု့ခြင်းဆိုင်ရာ ဆွေးနွေးပွဲ (Seminar on Monitoring of Waste Management) (နေပြည်တော် Grand Amara Hotel (၂၅-၂-၂၀၁၉) ရက်)

     စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအပေါ် စောင့်ကြပ်ကြည့်ရှု့ခြင်းဆိုင်ရာ ဆွေးနွေးပွဲ (Seminar on Monitoring of Waste Management)အား ၂၅-၂-၂၀၁၉ ရက်နေ့တွင် နေပြည်တော် Grand Amara Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု

     “ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေ ရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၁၅-၂-၂၀၁၉ ရက်နေ့တွင် တာဝန်ခံအရာရှိ ဦးရဲထွန်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး

အဆင့်မြင့်သိပ္ပံနည်းကျသတင်းအချက်အလက်များနှင့် စီမံခန့်ခွဲမှုမှတဆင့် မြန်မာနိုင်ငံတွင် မိုးခေါင်ရေရှားခြင်းနှင့် ရေကြီးရေလျှံမှုများကို စီမံခန့်ခွဲရန်အတွက် အချက်အလက်များ တိုးမြှင့်အသုံးပြုရေးစီမံကိန်း (strengthened drought and flood management through improved science-based information availability and management in Myanmar) ၏ First Technical Training Myanmar Flood and Drought Portal နှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ

     ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် နေပြည်တော်ရှိ Aureum Palace Hotel ၌ ကျင်းပပြုလုပ်သော “အဆင့်မြင့်သိပ္ပံနည်းကျ သတင်းအချက်အလက်များနှင့် စီမံခန့်ခွဲမှုမှတဆင့် မြန်မာနိုင်ငံတွင် မိုးခေါင် ရေရှားခြင်းနှင့် ရေကြီးရေလျှံမှုများကို စီမံခန့်ခွဲရန်အတွက်  အချက်အလက်များတိုးမြှင့်အသုံးပြုရေးစီမံကိန်း၏ First Technical Training Myanmar Flood an

Pages

ဌာနကြီး(၄)ခု

- စီမံခန့်ခွဲရေးဌာန

- မူဝါဒ၊ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် လေ့ကျင့်သုတေသနဌာန

- ပတ်ဝန်းကျင်ညစ်ညမ်းမှုကာကွယ်ရေးဌာန

- သယံဇာတထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ရေးဌာန

လုပ်ငန်းတာဝန်များ

၁။    စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းကိစ္စရပ်များအား ဒုတိယညွှန်ကြားရေးမှူးအား တာဝန်ခံ၍ ကြီးကြပ်  ဆောင်ရွက်ခြင်း။

၂။    ဝန်ထမ်းရေးရာကိစ္စရပ်များအား ကြီးကြပ်ဆောင်ရွက်ခြင်း။

၃။    ရုံးအမိန့်များ အချိန်မီထုတ်ပြန်နိုင်ရန် ကြပ်မတ်စစ်ဆေးခြင်း။

၄။    သတ်မှတ် ရက်၊ လ အလိုက် ပေးပို့ရမည့် ပြန်တမ်းများ အချိန်မီပေးပို့နိုင်ရေးအတွက် ကြပ်မတ် စစ်ဆေးခြင်း။

၅။    ဌာနအတွက် လိုအပ်သော ပစ္စည်းများ ဝယ်ယူခြင်း၊ ဌာနမှ အသုံးမလိုသော ပစ္စည်းများအား လေလံတင်ရောင်းချခြင်း၊ စာရင်းမှ ပယ်ဖျက်ခြင်း လုပ်ငန်းများအား တာဝန်ယူဆောင်ရွက် ခြင်း။

၆။    မော်တော်ယာဉ်နှင့်ပတ်သက်သော စက်သုံးဆီရရှိရေး၊ ထုတ်ပေးခြင်း ကိစ္စရပ်များ ယာဉ်ပြင်ဆင် စရိတ်နှင့် ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် တာဝန်ယူ ကြီးကြပ...