Mon Petrol Company Limited ၏ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာကို အများပြည်သူသိရှိပြီး သဘောထားမှတ်ချက်ပေးနိုင်ရန် ကြေညာခြင်း

            ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ ပေးပို့လာသော ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာများကို ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ်(၃၉၊ ၆၆၊ ၈၀) အရ အများပြည်သူသိရှိပြီး သဘောထားမှတ်ချက်ပေးနိုင်ရေးအတွက် “ အောက်ဖော်ပြပါ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်များအပေါ် လူမှုပတ်ဝန်းကျင်ဆိုင်ရာ သဘောထားမှတ်ချက်ပေးရန်ရှိပါက ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့ နောက်ဆုံးထား၍ eia.ecd@gmail.com သို့ အကြံပြုပေးပို့နိုင်ပါသည်-

 (၁)      Mon Petrol Company Limited ၏ စားသုံးဆီ၊ စက်သုံးဆီနှင့် သဘာဝဓါတ်ငွေ့များ တင်/ချဆိပ်ကမ်းနှင့် သိုလှောင်ကန်များ၊ အထွေထွေကုန် တင်/ချ ဆိပ်ကမ်းနှင့် သိုလှောင်ရုံများ၊ လုပ်ငန်းစုံစက်ရုံမြေအကောင်အထည်ဖော် ဆောင်ရွက်မည့် အကြိုလုပ်ငန်းများအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်(မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာအုပ်စုနှင့် ကော့ပရံကျေးရွာအုပ်စုရှိ စုစုပေါင်းလယ်မြေ(၆၁၁.၁၃)ဧက)

www.ecd.gov.mm  website ၏ မူဝါဒနှင့်ဥပ​​​​ဒေများ Link အောက်တွင် zip pdf ဖိုင်များကို Download လုပ်ယူ၍ ကြည့်ရူနိုင်ပါသည်