Soe Yadanar Lin Co., Ltd. ၏ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုး ကုန်းကျေးရွာ၊ အကွက်အမှတ် (၁၂၁) ရှိ မြေ (၁၅) ဧကတွင် ဆောင်ရွက်မည့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ကျောက်များထုတ်လုပ်ခြင်း လုပ်ငန်း၏ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ် ခြင်းအစီရင်ခံ စာ စိစစ်သုံးသပ်ရေးအဖွဲ့၏ (၆/၂၀၂၀) ကြိမ်မြောက် အစီရင်ခံစာ စိစစ် သုံးသပ်ရေး အစည်းအဝေး

   Soe Yadanar Lin Co., Ltd. ၏ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုး ကုန်းကျေးရွာ၊ အကွက်အမှတ် (၁၂၁) ရှိ မြေ (၁၅) ဧကတွင် ဆောင်ရွက်မည့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ကျောက်များထုတ်လုပ်ခြင်း လုပ်ငန်း အတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (Environmental Impact Assessment - EIA) အစီရင်ခံစာနှင့် ပတ်သက်၍ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာ စိစစ်သုံးသပ်ရေးအဖွဲ့၏ (၆/၂၀၂၀) ကြိမ်မြောက် ညှိနှိုင်းအစည်း အဝေးကို သက်ဆိုင်ရာဌာန၊ စီမံကိန်းအဆိုပြုသူ၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာ ရေးသားပြုစုသည့် တတိယ အဖွဲ့အစည်းမှ ကျွမ်းကျင်ပညာရှင်များနှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာ စိစစ်သုံးသပ်ရေးအဖွဲ့ဝင်များ  တက်ရောက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ရုံးအမှတ် (၅၃)၊ နေပြည်တော်တွင် ၅.၃.၂၀၂၀ (ကြာသပတေးနေ့) ၉:၃၀ မှ ၁၃:၀၀ နာရီ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ စုစုပေါင်း ကိုယ်စားလှယ် (၂၄) ဦး တက်ရောက်ခဲ့ ပါသည်။ အဆိုပြုစီမံကိန်း၏ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာ EIA report ကို  www.ecd.gov.mm တွင်ဝင်ရောက်ကြည့်ရှု့၍ သဘောထားမှတ်ချက်များအား ရေးသားနိုင်ပါသည်။