Total Victory International Co.,ltd မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန(ရုံးချုပ်) နေပြည်‌တော်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းပညာနှင့် သုတေသနလုပ်ငန်သုံးပစ္စည်းများ နှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းပွဲ

   ၁။      Total Victory International Co.,ltd မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းပညာနှင့် သုတေသနလုပ်ငန်သုံးပစ္စည်းများ နှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းပွဲကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန ၊ဦးစီးရုံးချုပ် (နေပြည်တော်) အစည်းအဝေးခန်းမ၌ နေ့လယ် ၁:၃၀ နာရီတွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ပတ်ဝန်းကျင်အရည်အသွေးနှင့်စံချိန်စံညွှန်းဌာန မှ ညွှန်ကြားရေးမှူး မှ ဦးဆောင်၍ သက်ဆိုင်ရာ ကိုယ်စားလှယ်များ၊ Total Victory International Co.,ltd မှ Director ဦးဇေမင်းသန့် နှင့် ရှင်းလင်းပြောကြားပေးသော မလေးရှားနိုင်ငံမှ Regional Sale Manager Mr. Umatharan Verasalam တို့နှင့် စုစုပေါင်း (၃၀)ဉီးခန့် တက်ရောက်ခဲ့ပါသည်။

   ၂။         Total Victory International Co.,ltd မှ Regional Sale Manager Mr. Umatharan Verasalam မှ ပတ်ဝန်းကျင်ရေထုအရည်အသွေးကို တိုင်းတာနိုင်သော Atomic Absorption Spectrophotometer ဖြင့် တိုင်းတာနိုင်သော Parameter များအကြောင်းနှင့် စက်ရုံ၊ အလုပ်ရုံ များမှ ထွက်ရှိသော ရေထဲတွင်ပါဝင်သော  Heavy Metal များကို တိုင်းတာစစ်ဆေးနိုင် ကြောင်း နှင့် ပတ်ဝန်းကျင်ထိခိုက်မှုကို လျော့ကျစေနိုင်ကြောင်း တင်ပြခဲ့ပါသည်။ ထို့နောက်တွင် အခမ်း အနားကို ၃:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။