
09
Jul
ကချင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အသိပညာပေးဟောပြောပွဲနှင့် လှုပ်ရှားမှု
“ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုအနေဖြင့် အခြေခံပညာကျောင်းများတွင် ပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ ကချင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်စိုး ဦးဆောင်သောအဖွဲ့သည် ၉.၇.၂၀၁၅ ရက်နေ့ နံနက် (၀၉:၀၀) နာရီ အချိန်တွင် မိုးကောင်းမြို့နယ်၊ အ.ထ.က(နမ္မတီး) ၌ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ၊ ကျောင်းသား/သူများ (၃၅၀) ဦး တက်ရောက်ခဲ့ပြီး ဦးစီးအရာရှိ ဦးကျော်စိုးမှ ရာသီဥတုပြောင်းလဲမှု၊ ဒုတိယဦးစီးမှူး ဦးနိုင်လင်းထိုက်မှ အမှိုက်စနစ်တကျစွန့်ပစ်မှု စသည့်ခေါင်းစဉ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း ” သတင်းရရှိပါသည်။