
ကယားပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန အသိပညာပေးလှုပ်ရှားမှု
“ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွား လာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အထေွထွေအုပ်ချုပ်ရေး ဦးစီးဌာနဦးဆောင်၍ ဌာနဆိုင်ရာများ ပါဝင်သည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း One Stop Shop (ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း) လုပ်ငန်း၌ ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ(၅)ရက်နေ့တွင် ဒီးမော့ဆို မြို့နယ်၊ လိုပူကျေးရွာအုပ်စု၊ ဒေါဆီအီးကျေးရွာခန်းမဆောင်၌ ဒေသခံပြည်သူ(၅၀)ဦးအား ကယားပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သီတာအေး သည် “ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာများ”ကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးကျော်လင်းမောင်သည် “ကြွပ်ကြွပ်အိတ်အန္တရာယ်အကြောင်း သိကောင်းစရာများ”ကိုလည်းကောင်း အသိပညာပေး ဟောပြောခြင်း၊ ပညာပေး ဗီဒီယိုပြသခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

