
ကယားပြည်နယ် ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု
“ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွား လာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ကယားပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သီတာအေး ဦးဆောင်သောအဖွဲ့သည် ၁၅-၈-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်၊ သစ်တောဦးစီးဌာနခန်းမ၌ ကျင်းပသည့် “ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခြင်းနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးမှုသင်တန်း” ၌လည်းကောင်း၊ ၁၆-၈-၂၀၁၉ ရက်နေ့တွင် လွိုင်ကော်မြို့၊ ဒေါဆန်းဘွန်း ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌လည်းကောင်း၊ ၁၇-၈-၂၀၁၉ ရက်နေ့တွင် လွိုင်ကော်မြို့၊ ထူဒူငံသကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၌လည်းကောင်း၊ “ရာသီဥတုပြောင်းလဲမှု လျော့ချရေးနှင့် လိုက်လျောညီထွေစွာနေထိုင်နိုင်ရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသိကောင်းစရာများ၊ အမှိုက်များ စနစ်တကျစွန့်ပစ်ရေးအသိပညာပေး၊ကြွပ်ကြွပ်အိတ်အန္တရာယ်နှင့် အမှိုက်များစနစ်တကျစွန့်ပစ်ရေးအကြောင်းသိကောင်းစရာများ” စသည့်ခေါင်းစဉ်တို့ဖြင့် ဟောပြောပို့ချ ဆွေးနွေးခဲ့ပြီး စုစုပေါင်း (၂၃၉) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။”

