
24
Nov
ကရင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု
.
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ကရင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဆန်းသည် ၂၄-၁၁-၂၀၁၈ ရက်နေ့တွင် ဘားအံမြို့နယ်၊ စက်မှုဇုန်ရှိ စက်မှုလက်မှုပညာသင်တန်းကျောင်း၌၊ “စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်စို့” စသည့် ခေါင်းစဉ်ဖြင့် ဟောပြောပို့ချခဲ့ပါသည်။
အဆိုပါဟောပြောပွဲသို့ သင်တန်းသား/သင်တန်းသူနှင့် သင်တန်းကြီးကြပ် စုစုပေါင်း (၉၆) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

