
09
Dec
ကရင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အသိပညာပေး လှုပ်ရှားမှု
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ကရင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကြည်သာလှိုင် ဦးဆောင်သောအဖွဲ့သည် ၉-၁၂-၂၀၁၆ ရက်နေ့၌ ဘားအံမြို့၊ ဝါးဆူးကျေးရွာ၊ အ.လ.က(ခွဲ)တွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၂၁၃) ဦးတက်ရောက်ခဲ့ပြီး ဦးစီးအရာရှိ ဦးကြည်သာလှိုင်မှ သဘာဝပတ်ဝန်းကျင် နှင့်ကြွပ်ကြွပ်အိတ်၊ ဒုတိယဦးစီးမှူး ဒေါ်အေးအေးအောင်မှ သယံဇာတအကြောင်းသိကောင်းစရာ၊ စာရင်းကိုင်(၄) ဒေါ်ချိုချိုလွင်မှ စနစ်တကျအမှိုက်စွန့်ပစ် ခြင်း စသည့်ခေါင်းစဉ်များကို ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။