13
Aug

ခရိုင်မှူး/လက်ထောက်ညွှန်ကြားရေးမှူးအဆင့် အရာထမ်းများ ဌာနတွင်းလုပ်ငန်းခွင်မွမ်းမံသင်တန်းအမှတ်စဉ်(၁၈) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

၁။      သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် ဖွင့်လှစ်ပို့ချသည့် ခရိုင်မှူး/လက်ထောက်ညွှန်ကြားရေးမှူးအဆင့် အရာထမ်းများ ဌာနတွင်းလုပ်ငန်းခွင် မွမ်းမံသင်တန်းအမှတ်စဉ်(၁၈) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၁၃-၈-၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၈)၌ ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ကြပါသည်။

၂။       ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများကို လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်ပြီး အဂတိတရား ကင်းရှင်းသည့် ပြည်သူ့ဝန်ထမ်းများဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ခရိုင်မှူး/ လက်ထောက် ညွှန်ကြားရေးမှူးအဆင့် အရာထမ်းများ ဌာနတွင်းလုပ်ငန်းခွင်မွမ်းမံ သင်တန်းအမှတ်စဉ်(၁၈) ကို ဦးစီးရုံးချုပ်မှ သင်တန်းသား၊ သင်တန်းသူ (၁၇)ဦးတို့အား လူကိုယ်တိုင် (In person) ဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူ(၂၈)ဦးတို့အား Online ဖြင့် လည်းကောင်း၊ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၄၅)ဦး တို့အား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၈)၊ သင်တန်းခန်းမတွင် ၁၂-၈-၂၀၂၄ ရက်နေ့မှ ၂၃-၈-၂၀၂၄ ရက်နေ့အထိ ရက်သတ္တပတ် (၂)ပတ်ကြာ Hybrid ပုံစံဖြင့် ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ပါသည်။

၃။      သင်တန်းဖွင့်ပွဲအခမ်းအနားတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက သင်တန်းဖွင့်အမှာစကားပြောကြားခြင်း၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို နံနက် (၁၀:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။