
ချင်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု
“ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေ ရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ချင်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၁၀-၁-၂၀၁၉ ရက်နေ့တွင် လက်ထောက်ဦးစီးမှူး ဦးယောရှိန်းထန်း မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း၊ ၁၄-၁-၂၀၁၉ ရက်နေ့တွင် လက်ထောက်ဦးစီးမှူး ဦးထန်းလင်းအောင်သည် မင်းတပ်မြို့၊ စံပြရပ်ကွက် အ.ထ.က(၁) ကျောင်း၌ လည်းကောင်း၊ ၁၆-၁-၂၀၁၉ ရက်နေ့တွင် လက်ထောက်ဦးစီးမှူး ဦးယောရှိန်းထန်းသည် မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက် အ.ထ.က(၂) ကျောင်း၌လည်းကောင်း၊ ၁၈-၁-၂၀၁၉ ရက်နေ့တွင် လက်ထောက်ဦးစီးမှူး ဦးထန်လင်းအောင်သည် မင်းတပ်မြို့၊ အနောက်ရပ်ကွက်၊ အ.ထ.က(၃) ကျောင်း၌လည်းကောင်း၊ ၂၂-၁-၂၀၁၉ ရက်နေ့နံနက်ပိုင်းတွင် ဒုတိယဦးစီးမှူး ဦးယျာမိုးမြင့်သည် မင်းတပ်မြို့၊ စံပြရပ်ကွက်၊ အ.ထ.က(၁)ကျောင်း၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် ဦးစီးအရာရှိ ဦးမင်းနိုင်ထွန်းသည် ဟားခါးမြို့နယ်၊ အ.လ.က(လောက်လုံ)ကျောင်း၌လည်းကောင်း၊ ၂၄-၁-၂၀၁၉ ရက်နေ့တွင် ဒုတိယလက်ထောက်ဦးစီးမှူး ဦးနှီယန်လျန်ဘွေသည် ဟားခါးမြို့နယ် အ.လ.က(ခွဲ) ချင်းဦးစီး၌လည်းကောင်း၊ ၂၅-၁-၂၀၁၉ ရက်နေ့တွင် ဦးစီးအရာရှိ ဦးမင်းနိုင်ထွန်း သည် ဖလမ်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူးရုံး၌လည်းကောင်း“မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒများ၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းခြင်း၊ ပလတ်စတစ်ညစ်ညမ်းမှုအန္တရယ်နှင့် လျော့ချရမည့်နည်းလမ်းများ၊ ရာသီဥတုပြောင်းလဲမှု၊ ကမ္ဘာကြီးပူနွေးလာမှုနှင့် သဘာဝဘေးအန္တရယ်၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ခြင်း၊ ရာသီဥတုနှင့်လိုက်လျောညီထွေနေထိုင်ခြင်း၊ ကျောင်းတွင်းအမှိုက်ကင်းစင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး၊ ရာသီဥတုပြောင်းလဲမှု လျော့ချခြင်းနှင့် လိုက်လျောညီထွေနေထိုင်ခြင်း” စသည့် ခေါင်းစဉ်ဖြင့် ဟောပြောပို့ချဆွေးနွေးခဲ့ပြီး စုစုပေါင်း (၆၅၅) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။”

