30
Aug

စနစ်တကျ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းစနစ် ဖွံ့ဖြိုးစေရေးဆောင်ရွက်ခြင်းဖြင့် Recycle လုပ်ငန်းများအား အထောက်အပံ့ဖြစ်စေရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည့် သတင်းအချက်အလက်များ

စနစ်တကျ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းစနစ် ဖွံ့ဖြိုးစေရေးဆောင်ရွက်ခြင်းဖြင့် Recycle လုပ်ငန်းများအား အထောက်အပံ့ဖြစ်စေရေး တွေ့ဆုံဆွေးနွေးပွဲကို ၂၇-၈-၂၀၂၄ (အင်္ဂါနေ့) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၈) အစည်း အဝေးခန်းမ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးမှ Recycle လုပ်ငန်းများအား အထောက်အပံ့ဖြစ်စေရေး စနစ်တကျ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းစနစ် ဖွံ့ဖြိုးစေရေးဆိုင်ရာကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ အစည်းအဝေးတက်ရောက်လာသူများက စွန့်ပစ်ပစ္စည်း စတင်ထွက်ရှိသည့်နေရာမှစ၍ ဦးစားပေးခွဲခြားစေလိုသည့် စွန့်ပစ်ပစ္စည်းအမျိုးအစားများနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ Recycle လုပ်ငန်းများအား အထောက်အပံ့ဖြစ်စေရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သည့်လုပ်ငန်းများအား ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များနှင့် နေပြည်တော်ရှိ ပလတ်စတစ်လုပ်ငန်းရှင်များ In Person (၁၆)ဦး၊ ရန်ကုန်မြို့ရှိ ပလတ်စတစ်လုပ်ငန်းရှင်များ Online မှ (၇)ဦး စုစုပေါင်း (၂၃)ဦး တက်ရောက်ခဲ့ကြပါသည်။