ပတ်ဝန်းကျင်ဆန်းစစ်ခြင်းဆိုင်ရာ အစီရင်ခံစာများနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် တင်သွင်းရာတွင် ပေးသွင်းရမည့် ဝန်ဆောင်ခများသတ်မှတ်ခြင်း

  • Home
  • /
  • ပတ်ဝန်းကျင်ဆန်းစစ်ခြင်းဆိုင်ရာ အစီရင်ခံစာများနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် တင်သွင်းရာတွင် ပေးသွင်းရမည့် ဝန်ဆောင်ခများသတ်မှတ်ခြင်း

ပတ်ဝန်းကျင်ဆန်းစစ်ခြင်းဆိုင်ရာ အစီရင်ခံစာများနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် တင်သွင်းရာတွင် ပေးသွင်းရမည့် ဝန်ဆောင်ခများသတ်မှတ်ခြင်း

၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၄၂ ပုဒ်မခွဲ(ခ) အရအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ စီမံကိန်းအဆိုပြုသူက ပတ်ဝန်းကျင်ဆန်းစစ်ခြင်းဆိုင်ရာအစီရင်ခံစာများနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် တင်သွင်းရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက သတ်မှတ်သည့် ပေးသွင်းရမည့် ဝန်ဆောင်ခများကို ထုတ်ပြန်လိုက်ပါသည်။

၂။ သတ်မှတ်ထားသောဝန်ဆောင်ခများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ငွေစာရင်းအမှတ် MD-012207 ဖြင့် မြန်မာ့စီးပွားရေးဘဏ် နေပြည်တော်သို့ ပေးသွင်းရမည်။

ဝန်ဆောင်ခအမိန့်ကြော်ငြာစာ