
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်၏ အသိပညာပေးသင်တန်း
“ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုအနေဖြင့် ပညာပေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် United Nations Environment Programme (UNEP) တို့ပူးပေါင်း၍ ပြည်သူလူထုနှင့် အစိုးရဝန်ထမ်းများ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပညာများမြင့်မားလာစေရန်၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စီမံခန့်ခွဲမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းဆောင်ရွက်မှုနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများတွင် ပြည်သူလူထု၏ စွမ်းဆောင်ရည်များ မြင့်တက်လာစေရန် ရည်ရွယ်ချက်ဖြင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပညာပေးလုပ်ငန်း လုပ်ဆောင်ခြင်းစီမံကိန်း Southeast Asia Knowledge Network of Climate Change Offices (SEAN-CC) အရ ရာသီဥတုပြောင်းလဲမှုဆိုင်ရာအသိပညာပေး ဆရာဖြစ်သင်တန်းအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်၌ ၂၆-၂-၂၀၁၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်မှ ညနေ (၄:၃၀) နာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့ရာ Spectrum နည်းပြများမှ သင်ကြားပို့ချခဲ့ပြီး ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ အရာထမ်း/အမှုထမ်း (၃၃) ဦး တက်ရောက်ခဲ့ကြောင်းနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စာအုပ်စာတမ်းများအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။”