
23
Mar
ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စနစ်တကျအမှိုက်စွန့်ပစ်စေရေးနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေဆောင်ရွက်ခြင်း
၂၂-၃-၂၀၂၄ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဦးစီးမှူးသည် မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မအူပင်မြို့နယ်၊ အိုင်ဝိုင်းကျေးရွာအုပ်စု၊ အမျိုးသမီး (မိဘမဲ့) ပရဟိတဂေဟာရှိ အမျိုးသမီးငယ် (၃၀) ဦးအား အမျိုးသမီးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စနစ်တကျအမှိုက်စွန့်ပစ်စေရေး ခေါင်းစဉ်တို့ဖြင့် ဟောပြောဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အမှိုက်ပုံးများ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။