12
Oct

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ (၁၂) နှစ်မြောက် (ချည်ရတု)နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပခြင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ (၁၂)နှစ်မြောက် (ချည်ရတု) နှစ်ပတ်လည်နေ့ အခမ်းအနားကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၈)တွင် ၁၁-၁၀-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ (၁၂)နှစ်မြောက် (ချည်ရတု) နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ ဂုဏ်ပြုအမှာစကား ပြောကြားခြင်း၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)နှင့် အမြဲတမ်းအတွင်းဝန်တို့မှ ဂုဏ်ပြုအမှာစကားပြောကြားခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဗွီဒီယိုပြသခြင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးမှ (၁၂)နှစ်မြောက် (ချည်ရတု) နှစ်ပတ်လည်နေ့အထိမ်းအမှတ်လက်ဆောင်အား ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့အား ပေးအပ်ခြင်း၊ အကျွေးအမွေးဖြင့် ဧည့်ခံခြင်းများ ဆောင်ရွက်ခဲ့ပါသည်။