
11
Jun
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ NGO အဖွဲ့အစည်းထံသို့ ပြန်လည် အသုံးပြုနိုင်သည့် စွန့်ပစ်ပစ္စည်းများ လှူဒါန်းခဲ့ခြင်း
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ NGO အဖွဲ့အစည်းဖြစ်သည့် မြန်မာ့သဘာဝပတ်ဝန်းကျင်ချစ်သူများ ကွန်ယက်ဗဟိုအဖွဲ့ချုပ် (Myanmar Nature Lovers) ဥက္ကဌ ဒေါ်ယဉ်ယဉ်ထွန်းထံသို့ ပြန်လည်အသုံးပြုနိုင်သည့် စွန့်ပစ်ပစ္စည်းများဖြစ်သော ကော်ဖီမစ်အခွံ (၂၀၀၀)နှင့် ကော်ဖီမိတ် အခွံ (၁၀၀၀) တို့အား ဌာနကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းအေးမှ ပေးအပ်လှူဒါန်းခဲ့ကြောင်း နှင့် အဆိုပါပစ္စည်းများဖြင့် ပုဗ္ပသီရိမြို့နယ်၊ အ.ထ.က(ခွဲ) ကျောင်းကုန်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား ကလေးကျောင်းလွယ်အိတ်၊ ရေးဘူးထည့်အိတ်နှင့် ဖျာ အစရှိသည့် အသုံးအဆောင်ပစ္စည်းများ ပြုလုပ်သည့် သင်တန်းတွင် လက်တွေ့သင်ကြားပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။