
23
Mar
ပဲခူးတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟောပြောဆောင်ရွက်ခြင်း
၂၂-၃-၂၀၂၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးဆောင်၍ TIANJIN GOLDEN MOUNTAIN TRADE (MYANMAR) Co.,Ltd ရှိ ဝန်ထမ်းများအား “မီးခိုးမြူငွေ့နှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှူ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး အမှိုက်ပုံးများ ထောက်ပံ့ပေးအပ်၍ ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ အဆိုပါနေ့တွင် ပဲခူးတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ ဒုတိယဦးစီးမှူးများမှ ကမ္ဘာ့မြေဆီလွှာနေ့နှင့် မြေပြိုခြင်းအကြောင်းအရာများအား Knowledge Sharing ပြုလုပ်ခဲ့ပါသည်။