
09
Sep
ဗန်းမော်ခရိုင်ရုံးမြေနေရာ ပန္နက်ရိုက် အခမ်းအနား
ကချင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် ၉-၉-၂၀၁၇ ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ ဖွင့်လှစ်မည့် ဗန်းမော်ခရိုင်ရုံး တည်ဆောက်မည့်မြေနေရာတွင် ပန္နက်ရိုက်အခမ်းအနား ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးမှ မိတ်ဆက်အမှာစကားပြောကြားခြင်းနှင့် ခရိုင်ရုံးတည်ဆောက်ရေး MID Co.,Ltd မှ တာဝန်ခံအင်ဂျင်နီယာ ဦးအောင်မင်းမှ တည်ဆောက်ရေးလုပ်ငန်းများအား အချိန်ဇယားအစီအစဉ်များဖြင့် ရှင်းလင်းပြောကြားခဲ့ကြပါသည်။
အဆိုပါ ပန္နက်ရိုက်အခမ်းအနားသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ ဗန်းမော်မြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်အဆင့် ဌာနဆိုင်ရာအရာရှိများ စုစုပေါင်း (၄၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
