
26
Sep
မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန သင်တန်းပို့ချမှု
“ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလွင်သည် ၂၆-၉-၂၀၁၈ ရက်နေ့ နေ့လည် (၁၃:၀၀ နာရီမှ ၁၅:၅၀ နာရီ)အထိ ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းခန်းမ၊ ပုသိမ်ကြီးမြို့၌ လည်းကောင်း၊ သင်ခန်းစာသွားရောက်ပို့ချခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလွင်မှ “ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်ရန် လိုအပ်ရခြင်းအကြောင်း” စသည့် ခေါင်းစဉ်ဖြင့် ဟောပြောပို့ချခဲ့ ပါသည်။
အဆိုပါဟောပြောပွဲသို့ တောအုပ်ကြီးအဆင့် သင်တန်းသား စုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။”
