
21
Jan
မန္တလေးတိုင်းဒေသကြီး၏ အသိပညာပေးဟောပြောပွဲနှင့်လှုပ်ရှားမှု
“ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုအနေဖြင့် ပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်း ဦးဆောင်သောအဖွဲ့သည် ၂၁.၁.၂၀၁၆ ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ ထုံးဘို အ.လ.က၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ (၂၀၀) ဦးတက်ရောက်ခဲ့ပြီး ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိမှတ်ဖွယ်ရာများခေါင်းစဉ်ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။”