
03
Jul
ရခိုင်ပြည်နယ်၏ သစ်ပင်စိုက်ပျိုးပွဲတေ
ရခိုင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၃.၇.၂၀၁၆ ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သစ်ပင်စိုက်ပျိုးပွဲအား ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်တော်ဘုရားတောင်ခြေ၌ ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူး ဒေါ်ခင်သီတာတင် ဦးဆောင်သောအဖွဲ့နှင့် ပုဏ္ဏာကျွန်းရှိ ဌာနဆိုင်ရာမှ ဝန်ထမ်းများ၊ ကြက်ခြေနီ အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဆရာ/ ဆရာမ၊ ကျောင်းသား/သူများ၊ မြို့မိမြို့ဖများ စုစုပေါင်း အင်အား (၂၀၀) ခန့်ဖြင့် သစ်ပင်ပေါင်း (၃၈၀) ပင်အား အမှတ်တရစိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။