26
Jul

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ (ပဉ္စမအကြိမ်) အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ပင်လယ်ကမ်းရိုးတန်းဒေသရှိ စက်မှုနှင့်မြို့ပြလုပ်ငန်းဆိုင်ရာ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ် လုပ်ငန်းစဉ်အဆင့်ဆင့် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း (Standard Operating Procedure - SOP) တို့နှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည့် သတင်းအချက်အလက်များ

 

 

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ (ပဉ္စမ အကြိမ်) အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ပင်လယ်ကမ်းရိုးတန်းဒေသရှိ စက်မှုနှင့် မြို့ပြလုပ်ငန်းဆိုင်ရာ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ် လုပ်ငန်းစဉ်အဆင့်ဆင့် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း (Standard Operating Procedure – SOP) တို့နှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ၂၅-၇-၂၀၂၄ (ကြာသပတေးနေ့) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၈)အစည်းအဝေးခန်းမ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးမှ နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ (ပဉ္စမအကြိမ်) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် SOP အပြီးသတ်မူကြမ်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြခြင်း၊ အစည်းအဝေးတက်ရောက်လာသူများက ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ SOP ရေးဆွဲရေးအဖွဲ့ဝင်များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်း များဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဥပဒေမူကြမ်း စိစစ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့များ (တနင်္သာရီ၊ ပဲခူး၊ မွန်၊ ရခိုင်၊ ရန်ကုန်၊ ဧရာဝတီ) နှင့် သီးခြားဖိတ်ကြားထားသည့်ဌာနများဖြစ်သော စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနအောက်ရှိ ဘွိုင်လာစစ်ဆေးရေးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ In Person (၂၇)ဦး၊ Online မှ (၁၅)ဦး စုစုပေါင်း (၄၂)ဦး တက်ရောက်ခဲ့ကြပါသည်။