08
Aug

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသင်တန်း (TOT) ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

ဧရာဝတီတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရန် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ အဆိုပြုတင်ပြလာသည့် ကျောင်း (၁၅)ကျောင်းမှ ဆရာ၊ ဆရာမများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသင်တန်း (TOT) ဖွင့်ပွဲအခမ်းအနားအား (၆.၈.၂၀၂၄)ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်တွင်  ပုသိမ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးတာဝန်ခံမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြိုင်ပွဲဝင်ဆုရကျောင်းများ၏ Video မှတ်တမ်းများ ပြသခြင်းတို့ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားတွင် ဆရာ/ဆရာမများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းကို (၆.၈.၂၀၂၄)ရက်နေ့မှ (၉.၈.၂၀၂၄)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။