23
Aug

ခရိုင်မှူး/လက်ထောက်ညွှန်ကြားရေးမှူးအဆင့် အရာထမ်းများ လုပ်ငန်းခွင်မွမ်းမံသင်တန်းအမှတ်စဉ်(၁၈) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခြင်း

 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးဖွင့်လှစ်သည့် ခရိုင်မှူး/လက်ထောက်ညွှန်ကြားရေးမှူးအဆင့် အရာထမ်းများ လုပ်ငန်းခွင် မွမ်းမံသင်တန်းအမှတ်စဉ်(၁၈) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၃-၈-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၈)၌ ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုး က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများကို လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်ပြီး အဂတိတရား ကင်းရှင်းသည့် ပြည်သူ့ဝန်ထမ်းများဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ခရိုင်မှူး/ လက်ထောက် ညွှန်ကြားရေးမှူးအဆင့် အရာထမ်းများ လုပ်ငန်းခွင်မွမ်းမံသင်တန်းအမှတ်စဉ်(၁၈) ကို ဦးစီးရုံးချုပ်မှ သင်တန်းသား၊ သင်တန်းသူ (၁၇)ဦးတို့အား (In person) ဖြင့် လည်းကောင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူ (၂၈)ဦး တို့အား Online Platform ဖြင့် လည်းကောင်း၊ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၄၅)ဦး တို့အား ၁၂-၈-၂၀၂၄ ရက်နေ့မှ ၂၃-၈-၂၀၂၄ ရက်နေ့အထိ ရက်သတ္တပတ် (၂)ပတ်ကြာ Hybrid ပုံစံဖြင့် ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ပို့ချခဲ့ပါသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းသား/သင်တန်းသူများ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း(၇၂)ဦး တက်ရောက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုး က စာပေထူးချွန်ဆုများ ချီးမြှင့်ခြင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦး က သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်းခဲ့ပြီး မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကာ အခမ်းအနားကို ညနေ (၁၆:၀၀)အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။